မှော်ဘီမြို့နယ်တွင် ဇနီးသည်အား ခေါင်းဖြတ်သတ်ပြီး ခေါင်းဆွဲကာ ကားဓားပြတိုက်ထွက်ပြေးသူကို ဖမ်းဆီးရမိ (ရုပ်သံမှတ်တမ်း)
(ရန်ကုန်၊ ဇန်နဝါရီ ၂၄)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မနက်ပိုင်းက အလွန်ရက်စက်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်အသေးစိတ်
ယနေ့ မနက် (၁၀) နာရီဝန်းကျင်ခန့်က အဆိုပါရပ်ကွက်တွင် နေထိုင်သည့် လူငယ်လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား နေအိမ်အတွင်း၌ပင် ဓားအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သေဆုံးသူ၏ ခန္ဓာကိုယ်ကို နေအိမ်တွင် ထားရစ်ခဲ့ပြီး ပြတ်သွားသည့် ခေါင်းကို လက်မှဆွဲကာ ဓားအရှည်ကို ကိုင်ဆောင်လျက် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။
ခေါင်းဆွဲပြီး ကားဓားပြတိုက် မောင်းပြေး
မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ - "အဲဒီလူက မိန်းမရဲ့ခေါင်းကို တွဲလောင်းယူပြီး ပြည်လမ်းအတိုင်း ထွက်လာတာ။ လမ်းမအလယ်မှာ ခဏထိုင်နေသေးတယ်။ ပြီးတော့ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားနဲ့ချိန် ခြိမ်းခြောက်ပြီး သူပါလိုက်စီးသွားတယ်။ ကားကို မှော်ဘီတိုးဂိတ်ဘက် မောင်းခိုင်းသွားတာ" ဟု ဆိုသည်။
တိုးဂိတ်တွင် ဖမ်းဆီးရမိ
ကားမောင်းနှင်သွားပြီးနောက် မနက် (၁၀) နာရီခွဲကျော်အချိန်ခန့်တွင် ရန်ကုန်မှ ထောက်ကြန့်ဘက်သို့သွားသည့် သန္ဓေပင်ရွာအနီး မှော်ဘီတိုးဂိတ်အရောက်၌ တရားခံအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။ တရားခံသည် ယူဆောင်လာသည့် အမျိုးသမီးခေါင်းအား တိုးဂိတ်အနီးတွင် ပစ်ချထားခဲ့သည်ကို တွေ့ရှိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ပြစ်မှုကျူးလွန်သူ အမျိုးသားသည် မူးယစ်ဆေးဝါး သုံးစွဲထားသူ (ဆေးကြောင်နေသူ) ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေသော်လည်း အာဏာပိုင်များဘက်မှ သီးခြားအတည်ပြုချက် မရရှိသေးပေ။ လက်ရှိတွင် အလောင်းအား သယ်ဆောင်ရန် နာရေးကူညီမှုအသင်းကားများ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
(Yangon, January 24)
According to local residents, an extremely brutal murder took place this morning (January 24) in the Northern Pe Ta Yar Ward, Sat Thwar Taw area of Hmawbi Township, Yangon Region.
Incident Details Around 10:00 AM today, a young married couple living in the ward got into an argument. The dispute escalated, and the husband beheaded his wife with a long sword inside their home. He left the victim's body in the house and walked out onto the street, carrying the severed head in his hand and wielding the long sword.
Carjacking and Escape with the Severed Head According to an eyewitness account: "The man came out onto Pyay Road carrying the woman's head dangling from his hand. He briefly sat in the middle of the road. Then, he threatened the driver of a Hilux truck parked nearby with the sword and forced himself into the vehicle. He ordered the driver to drive towards the Hmawbi Toll Gate."
Arrest at the Toll Gate After the vehicle drove off, security forces apprehended the suspect around 10:30 AM near the Hmawbi Toll Gate (near Than Day Pin village) on the route from Yangon to Htauk Kyant. The suspect was found to have discarded the woman's head he had brought with him near the toll gate.
While locals speculate that the perpetrator may have been under the influence of drugs (hallucinating due to drug abuse), there has been no independent confirmation from the authorities yet. It is reported that funeral service vehicles have arrived to transport the body.
Comments
Post a Comment