ကာနေး၏ ရဲရင့်သော ခြေလှမ်း (သို့မဟုတ်) ထရမ့်နှင့် ထိပ်တိုက်တွေ့တဲ့ ကနေဒါဝန်ကြီးချုပ်၏ မဟာဗျူဟာ လောင်းကြေး
တရုတ်နှင့် ကနေဒါကြားက AIP သဘောတူညီချက် ကာနေးဟာ ထရူဒေါလက်ထက်က အေးစက်ခဲ့တဲ့ တရုတ်-ကနေဒါ ဆက်ဆံရေးကို ပြန်လည်အသက်သွင်းခဲ့ပြီး ကုန်သွယ်ရေးသဘောတူညီချက် (AIP) ကို ရယူနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ကနေဒါကထွက်တဲ့ ကနိုလာဆီ၊ အမဲသားနဲ့ ရေထွက်ကုန်တွေ တရုတ်ကို အခွန်သက်သာစွာ တင်ပို့ခွင့်ရသလို၊ တရုတ်ဘက်က သံမဏိနဲ့ အလူမီနီယံတွေကို ပြန်သွင်းယူမှာ ဖြစ်ပါတယ်။ အဓိက အငြင်းပွားစရာဖြစ်လာတာကတော့ ကနေဒါက တရုတ် EV ကား အစီးရေ ၄၉,၀၀၀ ကို အခွန် ၁၀၀% ကနေ ၆.၁% အထိ လျှော့ချပေးလိုက်တာပါပဲ။
ထရမ့်၏ တုန့်ပြန်မှုနှင့် NAFTA အရေး ဒီအချက်ကို အကြောင်းပြပြီး သမ္မတထရမ့်က ကနေဒါသွင်းကုန်မှန်သမျှကို အခွန် ၁၀၀% ကောက်မယ်လို့ ခြိမ်းခြောက်လာပါတယ်။ ထရမ့်ရဲ့ စွပ်စွဲချက်ကတော့ တရုတ်တွေဟာ ကနေဒါကို ကြားခံနယ်မြေလုပ်ပြီး NAFTA (မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်) ကတဆင့် အမေရိကန်ထဲကို အခွန်ရှောင် ဝင်ရောက်ဖို့ ကြိုးစားနေတယ် ဆိုတာပါပဲ။ တကယ်တမ်း ကနေဒါက လက်ခံမယ့် တရုတ် EV ပမာဏဟာ ဈေးကွက်ရဲ့ ၃% အောက်သာရှိပြီး အမေရိကန်ကို ပြန်ရောင်းဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ထရမ့်ကတော့ NAFTA ကို ဖျက်သိမ်းပြီး နှစ်နိုင်ငံချင်း ကုန်သွယ်ရေးစာချုပ်တွေ ချုပ်ဆိုချင်နေတာကြောင့် ဒါကို နိုင်ငံရေးလက်နက်အဖြစ် အသုံးချနေတာ ဖြစ်ပါတယ်။
စီးပွားရေး လက်တွေ့အခြေအနေနှင့် စိန်ခေါ်မှုများ တရုတ်နဲ့ ကုန်သွယ်မှုကနေ ကနေဒါအတွက် အကျိုးအမြတ် ဒေါ်လာ ၅ ဘီလျံကနေ ၁၀ ဘီလျံလောက်သာ ရှိနိုင်ပေမဲ့ အမေရိကန်နဲ့ ကတောက်ကဆဖြစ်ရင် နစ်နာမယ့်ပမာဏက ဘီလျံရာချီ ရှိနေပါတယ်။
ကနေဒါရဲ့ ပို့ကုန် ၇၅% နဲ့ သွင်းကုန် ၆၀% ဟာ အမေရိကန်ကို မှီခိုနေရပါတယ်။
အမေရိကန်ဘက်က ကြည့်ရင်လည်း ကနေဒါဆီက ရေနံနဲ့ သဘာဝဓာတ်ငွေ့ မရရင် စွမ်းအင်ဈေးတွေ တက်လာနိုင်သလို၊ ကနေဒါမှာ အခြေစိုက်ထားတဲ့ အမေရိကန် ကားကုမ္ပဏီတွေလည်း ထိခိုက်မှာ သေချာပါတယ်။
ကာနေး၏ စိတ်ဓာတ်နှင့် နိုင်ငံရေးအနာဂတ် "အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အုပ်ချုပ်ရေးမှူး" လို အနှိမ်ခံရတာကို ကာနေးက သည်းမခံနိုင်တော့ဘဲ ဒါဗို့စ်မှာ ပေါက်ကွဲခဲ့ပုံရပါတယ်။ သူ့ရဲ့ ရဲရင့်တဲ့ စကားလုံးတွေက ကနေဒါလူထုကို ကျေနပ်စေပေမဲ့ လက်တွေ့စီးပွားရေးအရ ဆယ်စုနှစ်များစွာ အမေရိကန်အပေါ် မှီခိုထားရတဲ့ ဖွဲ့စည်းပုံကို ချက်ချင်းရုန်းထွက်ဖို့က မဖြစ်နိုင်ပါဘူး။
ကာနေးဟာ စီးပွားရေးပါရဂူတစ်ယောက်ဖြစ်ပေမဲ့ ဒီတစ်ခါတော့ နိုင်ငံရေးအရ စွန့်စားခန်းဖွင့်လွန်းအားကြီးနေသလား တွေးစရာပါ။ ထရမ့်ရဲ့ ခြိမ်းခြောက်မှုသာ တကယ်ဖြစ်လာရင် ကနေဒါစီးပွားရေး အကြီးအကျယ် ထိခိုက်နိုင်ပြီး ကာနေးရဲ့ နိုင်ငံရေးအနာဂတ်ပါ လှုပ်ခတ်သွားနိုင်ပါတယ်။ တခုတည်းသော မျှော်လင့်ချက်ကတော့ အမေရိကန် စွမ်းအင်နဲ့ ကားကုမ္ပဏီကြီးတွေက ထရမ့်ရဲ့ ပါးစပ်ပေါ်လစီကို နောက်ကွယ်ကနေ ဘရိတ်အုပ်ပေးဖို့ပါပဲ။
Carney’s Bold Gamble: The Canada-China Pivot and Trump’s Tariff Threat
Mark Carney is no ordinary politician. With an undergraduate degree from Harvard and a Ph.D. in Economics from Oxford, he has the unique distinction of having served as the Governor of the Bank of Canada and subsequently the Governor of the Bank of England. Yet, it was his recent fiery speech at the World Economic Forum in Davos that truly captured global attention—and the ire of the United States. That speech, centered on "Strategic Autonomy," reportedly infuriated President Trump, leading to threats of a blanket 100% tariff on all Canadian imports.
The Thaw: Canada’s Agreement with China
Carney recently visited China, effectively warming the icy relations left behind by the Trudeau administration. The result was a Preliminary Agreement-in-Principle (AIP). Under this deal, China agreed to lower tariffs on Canadian agricultural and marine exports—specifically canola seeds, beef, and shrimp—while Canada agreed to import more Chinese steel and aluminum.
The most controversial aspect of the deal, however, is Canada’s concession on Electric Vehicles (EVs). Canada agreed to slash tariffs on a quota of 49,000 Chinese EVs from 100% down to just 6.1%.
Trump’s Reaction and the NAFTA Pretext
President Trump seized upon this EV concession as a justification to threaten Canada with punitive taxes. His argument is that Canada is acting as a backdoor for Chinese goods to bypass North American tariffs, utilizing the free trade agreement (NAFTA) to flood the U.S. market with cheap products assembled in Canada.
In reality, the 49,000 EVs allowed under the AIP represent less than 3% of annual car sales in Canada, and stringent rules are in place to prevent these specific vehicles from being re-exported to the U.S. However, Trump appears to be using this as leverage. His broader goal seems to be dismantling the trilateral NAFTA framework in favor of establishing separate bilateral trade agreements with Canada and Mexico.
The Economic Reality
NAFTA has long been cited as a gold standard for international trade, benefiting Canada, the U.S., and Mexico. Trump’s attempt to upend this, conflating Carney’s China deal with national security threats, puts the entire region on edge.
While Trump’s stance on tariffs often shifts unpredictably, the threat of a 100% levy is dangerous. If implemented:
Energy Crisis: The U.S. relies heavily on Canadian oil and natural gas. Tariffs would send energy prices soaring for American consumers and businesses.
Auto Industry Disruption: Major U.S. automakers operate integrated supply chains with factories in Canada. Tariffs would cripple their production lines.
Canadian Economy: With nearly $400 billion in annual exports to the U.S., a 100% tariff would be a catastrophic blow to Canada’s economy.
A Strategic Miscalculation?
Economically speaking, the AIP with China might yield $5 to $10 billion in benefits for Canada. However, a full-blown trade war with the U.S. could cost hundreds of billions.
Carney’s call for "Strategic Autonomy" resonated with many Canadians who are tired of being treated as the "Governor of America’s 51st State." However, diversifying an economy that sends 75% of its exports to and receives 60% of its imports from the U.S. is a decades-long project, not an overnight switch.
Mark Carney, usually the master of risk calculation as a central banker, may have let his frustration get the better of him in Davos. While his points were valid, the timing and the "poking of the bear" may have been premature.
The Road Ahead
If Trump’s threats turn out to be mere bluster, Carney will be remembered for a historic, assertive foreign policy. But if the U.S. follows through with devastating tariffs, Carney’s political survival in Canada will be in question.
For now, the Canadian public rallies behind him, appreciating the strong stance. However, behind the scenes, the hope is that American energy and automotive giants—driven by their own profit motives—will lobby hard to put the brakes on Trump’s tariff policies.
Comments
Post a Comment