မင်္ဂလာပါ မိတ်ဆွေတို့ရေ...
အမေရိကန်သမ္မတဟောင်း အီဘရာဟင် လင်ကွန်း (Abraham Lincoln) ရဲ့ ကမ္ဘာကျော် စကားတစ်ခွန်းနဲ့ စဖွင့်ချင်ပါတယ်။
သူက ဘာပြောခဲ့သလဲဆိုတော့... 'You can fool all the people some of the time, and some of the people all the time, but you cannot fool all the people all the time.'
မြန်မာလို ဘာသာပြန်ရရင်... 'ခင်ဗျားအနေနဲ့ လူအားလုံးကို ခဏတာ လိမ်ညာလှည့်စားလို့ ရနိုင်ပါတယ်။ လူတချို့ကိုလည်း ထာဝရ လိမ်ညာထားလို့ ရကောင်းရပါလိမ့်မယ်။ ဒါပေမဲ့... လူအားလုံးကိုတော့ ထာဝရ လိမ်ညာလှည့်စားထားလို့ ဘယ်တော့မှ မရနိုင်ပါဘူး။'
ဟုတ်ပါတယ်... စစ်ကောင်စီက 'အကြမ်းဖက်နှိမ်နင်းရေး လုပ်တာပါ' ဆိုပြီး ကမ္ဘာကို လိမ်ဖို့ ကြိုးစားခဲ့တယ်။ ပြည်သူတချို့ကိုလည်း ဝါဒဖြန့်စကားတွေနဲ့ မှိုင်းတိုက်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ICJ တရားခွင်မှာ မြင်ရတဲ့အတိုင်းပါပဲ... သူတို့ရဲ့ မုသားတွေဟာ လူအားလုံးကို ထာဝရ လိမ်လို့မရဘူးဆိုတာ သက်သေပြနေပါပြီ။
ဒီနေ့မှာတော့ ကမ္ဘာ့အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ (အိုင်စီဂျေ) မှာ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ အကြိတ်အနယ် လျှောက်လဲချက်တွေကို အသေးစိတ် တင်ဆက်ပေးချင်ပါတယ်။ ဒါဟာ သာမန် တရားရုံးကြားနာမှု တစ်ခုမဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေ သမိုင်းမှာ အရေးပါတဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာနေပါပြီ။
အထူးသဖြင့် စစ်ကောင်စီဘက်က အမြဲတမ်း ကိုင်စွဲထားတဲ့ "ဒါဟာ အကြမ်းဖက်နှိမ်နင်းရေး လုပ်တာပါ" ဆိုတဲ့ ဒိုင်းကာကြီးကို ဂမ်ဘီယာဘက်က ဥပဒေကြောင်းအရ ဘယ်လို အတိအကျ ဖြိုခွင်းသွားလဲဆိုတာ နားထောင်သူ မိတ်ဆွေတို့ ဗဟုသုတရအောင် အသေးစိတ် ရှင်းပြပေးသွားပါမယ်။
လူအရေအတွက်က အဓိကလား?
ပထမဆုံး ဆွေးနွေးချင်တာကတော့ "Numbers Game" (နမ်းဘားစ် ဂိမ်း) လို့ခေါ်တဲ့ အရေအတွက် ကစားပွဲအကြောင်းပါ။ မြန်မာဘက်က ရှေ့နေတွေက "သေဆုံးသူ အရေအတွက်က နည်းပါတယ်။ ဒါကြောင့် ဒါဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide (ဂျီနိုဆိုက်) အဆင့် မရောက်ပါဘူး" လို့ ချေပလေ့ရှိပါတယ်။
ဒါပေမဲ့ ဂမ်ဘီယာဘက်က ဒီအချက်ကို ပြင်းပြင်းထန်ထန် ပယ်ချပါတယ်။ သူတို့က ဥပဒေစကားလုံး တစ်ခုကို ထောက်ပြပါတယ်။ အဲဒါကတော့ "In whole or in part" (အင် ဟိုးလ် အော် အင် ပါ့တ်) ဆိုတဲ့ စကားလုံးပါပဲ။ ဆိုလိုတာက လူမျိုးတစ်မျိုးကို "လုံးဝ ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ" ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက် ရှိနေရင်... လူသန်းချီ သေစရာမလိုပါဘူး။ လူတစ်ယောက်တည်းကို အဲဒီရည်ရွယ်ချက်နဲ့ သတ်ဖြတ်ရင်တောင်မှ ဒါဟာ ဂျီနိုဆိုက် မြောက်ပါတယ်။ ဒါကြောင့် "လူနည်းနည်းပဲ သေလို့ ဂျီနိုဆိုက် မဟုတ်ဘူး" ဆိုတဲ့ ဆင်ခြေဟာ ဥပဒေရှေ့မှာ အရာမဝင်တော့ပါဘူး။
အက်တပ်စ် ရီးယပ်စ် နှင့် မန်းစ် ရီးယား
ဒီအမှုကို နားလည်ဖို့အတွက် အရေးကြီးဆုံး ဥပဒေ ဝေါဟာရကြီး (၂) ခုကို မိတ်ဆွေတို့ သိထားဖို့ လိုပါတယ်။
Actus Reus (အက်တပ်စ် ရီးယပ်စ်): "ကျူးလွန်တဲ့ လုပ်ရပ်" ကို ပြောတာပါ။ သတ်တာ၊ မီးရှို့တာ၊ မုဒိမ်းကျင့်တာတွေပေါ့။
Mens Rea (မန်းစ် ရီးယား): "ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ" ပါ။
ဂမ်ဘီယာဘက်က ဘာပြောလဲဆိုတော့... မြေပြင်မှာ "Actus Reus" လို့ခေါ်တဲ့ သတ်ဖြတ်မှု၊ မီးရှို့မှု၊ မုဒိမ်းမှုတွေ ဖြစ်ခဲ့တာ သေချာနေပါပြီ။ ဒါကို ဘယ်သူမှ ငြင်းလို့မရပါဘူး။ အခု အဓိက သက်သေပြနေတာက "Mens Rea" လို့ခေါ်တဲ့ စိတ်ဆန္ဒပိုင်းပါ။ စစ်တပ်က ဒီလူတွေကို တကယ်ပဲ ဖျက်ဆီးလိုစိတ် ရှိခဲ့သလား ဆိုတာပါပဲ။
ဒီနေရာမှာ "Dolus Specialis" (ဒိုလပ်စ် စပယ်ရှယ်လစ်စ်) ဆိုတဲ့ စကားလုံး ပါလာပါတယ်။ ဒါက "ထူးခြားသော ရည်ရွယ်ချက်" လို့ အဓိပ္ပာယ်ရပါတယ်။ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာ ဖြစ်နေလို့ကို သက်သက်မဲ့ ပစ်မှတ်ထားပြီး ဖျက်ဆီးချင်တဲ့ "Genocidal Intent" (ဂျီနိုဆိုက်ဒယ် အင်တင့်) ရှိကြောင်း ဂမ်ဘီယာက အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြသွားပါတယ်။
အကြမ်းဖက်နှိမ်နင်းရေး ဒိုင်းကာ
ဒီနေရာမှာ စစ်ကောင်စီရဲ့ အခိုင်မာဆုံး ခံတပ်ဖြစ်တဲ့ "Counter-terrorism" (ကောင်တာ တယ်ရာရစ်ဇင်) ခေါင်းစဉ်အကြောင်း ပြောရပါတော့မယ်။ သူတို့က "ကျွန်တော်တို့က ARSA (အာဆာ) ကို တိုက်တာပါ၊ အကြမ်းဖက်နှိမ်နင်းရေး လုပ်တာပါ" လို့ အမြဲပြောပါတယ်။
ဂမ်ဘီယာဘက်က ရှေ့နေကြီးတွေက ဒီအချက်ကို "Mixed Motives" (မစ်ခ်စ် မိုးတစ်ဗ်စ်) ဆိုတဲ့ သဘောတရားနဲ့ ချေပလိုက်ပါတယ်။ ရှင်းအောင်ပြောရရင်... ခင်ဗျားတို့မှာ စစ်ရေးအရ တိုက်ခိုက်လိုတဲ့ ရည်ရွယ်ချက် ရှိကောင်းရှိမယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တခြားရည်ရွယ်ချက် တစ်ခုဖြစ်တဲ့ လူမျိုးစုကို ဖျက်ဆီးချင်တဲ့ စိတ်ဆန္ဒကလည်း ပူးတွဲပါနေတယ်ဆိုရင်... အဲဒီ "Counter-terrorism" ခေါင်းစဉ်က ခင်ဗျားတို့ကို အကာအကွယ် မပေးနိုင်ပါဘူး။ ရည်ရွယ်ချက်နှစ်ခု ယှဉ်တွဲနေရင်လည်း ဥပဒေအရ "Genocide" က ဂျီနိုဆိုက်ပါပဲ။ စစ်ဆင်ရေးခေါင်းစဉ် တပ်လိုက်ရုံနဲ့ လွတ်ငြိမ်းခွင့် မရနိုင်ပါဘူး။
ရည်ရွယ်ချက်ကို ဘယ်လိုသက်သေပြမလဲ
ဒါဆိုရင် ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက် ရှိတယ်ဆိုတာ ဘာနဲ့တိုင်းတာမလဲ။ ဂမ်ဘီယာဘက်က UN FFM (ယူအင်န် အက်ဖ်အက်ဖ်အမ်) လို့ခေါ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး အချက် (၇) ချက်နဲ့ သက်သေပြသွားပါတယ်။
Extreme Brutality (အိတ်စ်ထရင်း ဘရူတဲလတီ): စစ်တပ်ရဲ့ လုပ်ရပ်တွေက စစ်ရေးလိုအပ်ချက်ထက် ကျော်လွန်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်နေတာ။
Organized Nature (အော်ဂနိုက်စ်ဒ် နေချာ): ရွာတွေကို မီးရှို့တာတွေက ဟိုတစ်ကွက် ဒီတစ်ကွက် မဟုတ်ဘဲ စနစ်တကျ စီမံထားတဲ့ ပုံစံဖြစ်နေတာ။
Sexual Violence (ဆက်ရှူရယ် ဗိုင်းအိုလင့်စ်): လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက နေရာတိုင်းမှာ ပုံစံတူ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တာ။
Hate Speech (ဟိတ်တ် စပိချ်): တာဝန်ရှိသူတွေ ကိုယ်တိုင်က လူမျိုးရေးခွဲခြားတဲ့ စကားတွေ ပြောဆိုခဲ့တာ။
Discriminatory Plans (ဒစ်စ်ခရမ်မီနေးထရီ ပလန်စ်): လူမျိုးစုကို ဖယ်ကြဉ်ထားတဲ့ စီမံကိန်းတွေ ချမှတ်ခဲ့တာ။
Tolerance of Rhetoric (တောလရင့်စ် အော့ဖ် ရက်ထရစ်ခ်): အမုန်းစကားတွေကို အစိုးရက အရေးမယူဘဲ ခွင့်ပြုထားတာ။
Impunity (အင်ပျူနတီ): ပြစ်မှုကျူးလွန်သူတွေကို အရေးယူခြင်းမရှိဘဲ ကင်းလွတ်ခွင့် ပေးထားတာ။
ဒီအချက်တွေကို ကြည့်ရင် မင်းကြီး (တူလာတိုလီ)၊ ချွတ်ပြင်၊ မောင်နု စတဲ့ ရွာတွေမှာ ဖြစ်ခဲ့တာတွေဟာ မတော်တဆ "စစ်ဘေးသင့်ဒဏ်ရာ" (Collateral Damage - ကိုလက်ထရယ် ဒမ်းမေ့ခ်ျ) မဟုတ်ပါဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ဂျီနိုဆိုက်ဖြစ်တယ်လို့ ဂမ်ဘီယာက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။
ဂမ်ဘီယာ၏ သုံးနှုန်းမှုများ
လျှောက်လဲချက် အသံဖိုင်ကို အသေးစိတ် ပြန်နားထောင်ပြီး စိစစ်ကြည့်တဲ့အခါ ဂမ်ဘီယာဘက်က "အစိုးရ" (Government) နဲ့ "စစ်တပ်" (Military/Tatmadaw) ဆိုတဲ့ အသုံးအနှုန်းကို အလွန်သတိထားပြီး ခွဲခြားသုံးသွားတာ တွေ့ရပါတယ်။
တရားခံအဖြစ် "Myanmar" (နိုင်ငံ/နိုင်ငံတော်) ကို သုံးပါတယ်: ICJ တရားရုံးဆိုတာ နိုင်ငံအချင်းချင်း တရားစွဲတဲ့ နေရာဖြစ်တဲ့အတွက် တရားဝင် နာမည်ကိုတော့ "Republic of the Union of Myanmar" (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်) သို့မဟုတ် "Myanmar" လို့ပဲ သုံးပါတယ်။ ဥပဒေအမြင်အရ ဂျီနိုဆိုက်ကို ကျူးလွန်တာက စစ်တပ်ဖြစ်ပေမဲ့၊ နိုင်ငံတကာဥပဒေအရ တာဝန်ခံရမှာက "နိုင်ငံတော်" ဖြစ်တဲ့အတွက် "Myanmar is responsible" (မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်) လို့ သုံးတာပါ။
ကျူးလွန်သူအဖြစ် "Tatmadaw" (တပ်မတော်) နှင့် "Military" ကို တိုက်ရိုက်သုံးပါတယ်: သူတို့က "အစိုးရ" လို့ ဝါးလုံးရှည်ရမ်း မသုံးဘဲ၊ ကျူးလွန်သူဟာ စစ်တပ်ဖြစ်ကြောင်း လက်ညှိုးထိုး ပြောပါတယ်။ "Tatmadaw's extreme brutality", "Tatmadaw's destruction" စသဖြင့် "တပ်မတော်" ဆိုတဲ့ စကားလုံးကို တိတိကျကျ သုံးသွားပါတယ်။ "The military that perpetrated the genocide" လို့လည်း သုံးပါတယ်။
လက်ရှိအုပ်ချုပ်သူကို "Junta" (စစ်အာဏာရှင်အဖွဲ့) ဟု သုံးပါတယ်: ဂမ်ဘီယာက လက်ရှိ နေပြည်တော်က ကောင်တွေကို "အစိုးရ" (Government) လို့ အသိအမှတ်မပြုဘဲ "Junta" (စစ်အာဏာရှင်အဖွဲ့/စစ်ကောင်စီ) လို့ ပြတ်ပြတ်သားသား သုံးသွားတာ တွေ့ရပါတယ်။ မင်းအောင်လှိုင်ကို "Leader of the Junta" လို့ ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ "Civilian authorities" လို့ သုံးပါတယ်။
မင်းအောင်လှိုင်၏ သမ္မတအိပ်မက် ပျက်သုဉ်းခြင်း
မင်းအောင်လှိုင် အာဏာသိမ်းရတဲ့ အဓိက ရည်ရွယ်ချက်က ရှင်းပါတယ်။ သူ သမ္မတ လုပ်ချင်တာပါ။ ဒါပေမဲ့ အခုချိန်မှာ အဲဒီလမ်းကြောင်းက တဖြည်းဖြည်း ပိတ်ဆို့ခံနေရပါပြီ။ အထူးသဖြင့် မနေ့က ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေက သူ့ကို "နိုင်ငံခေါင်းဆောင်" အဖြစ်ကနေ "ရာဇဝတ်ဂိုဏ်းခေါင်းဆောင်" အဖြစ်သို့ အပြီးတိုင် လျှောချလိုက်တာ ဖြစ်ပါတယ်။
ဒါဆို ICJ က သူ့လမ်းကြောင်းကို ဘယ်လို ပိတ်လိုက်တာလဲ? အချက် (၃) ချက်နဲ့ ရှင်းပြချင်ပါတယ်။
Legitimacy (တရားဝင်မှု): သမ္မတ လုပ်ချင်ရင် နိုင်ငံတကာက အသိအမှတ်ပြုမှု လိုပါတယ်။ ဒါပေမဲ့ ဂမ်ဘီယာရဲ့ လျှောက်လဲချက်မှာ မင်းအောင်လှိုင်ကို "Head of State" (နိုင်ငံခေါင်းဆောင်) လို့ လုံးဝ မသုံးဘဲ "Leader of the Junta" (စစ်ကောင်စီ ခေါင်းဆောင်) လို့ပဲ သုံးသွားပါတယ်။ ကမ္ဘာ့တရားရုံးက သူ့ကို "အစိုးရ" မဟုတ်ဘဲ "အာဏာသိမ်းအဖွဲ့" လို့ တရားဝင် မှတ်တမ်းတင်လိုက်တာဟာ သူ့ရဲ့ သမ္မတ ဖြစ်ခွင့်ကို နိုင်ငံတကာ စင်မြင့်မှာ ပိတ်ပင်လိုက်တာပါပဲ။
Image (ပုံရိပ်): မင်းအောင်လှိုင်က သူ့ကိုယ်သူ "တိုင်းပြည်ကို ကယ်တင်မယ့်သူ၊ အကြမ်းဖက်သမားကို နှိမ်နင်းသူ" အဖြစ် ပုံဖော်ချင်တယ်။ ဒါပေမဲ့ ဂမ်ဘီယာက ဥပဒေကြောင်းအရ ထောက်ပြလိုက်ပါတယ်... "ခင်ဗျားတို့ လုပ်ရပ်တွေက အကြမ်းဖက်နှိမ်နင်းရေး မဟုတ်ဘူး၊ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) သာ ဖြစ်တယ်" ဆိုတာပါ။ ဂျီနိုဆိုက် ကျူးလွန်သူ (Genocidaire) ဆိုတဲ့ တံဆိပ်ကပ်ခံရတဲ့ လူတစ်ယောက်ဟာ ကမ္ဘာ့ဘယ်နိုင်ငံမှာမှ တရားဝင် သမ္မတ ဖြစ်လာလို့ မရပါဘူး။
Criminal Liability (ရာဇဝတ်မှု တာဝန်): ဂမ်ဘီယာက "Senior General Min Aung Hlaing commanded the military during the genocide" (ဂျီနိုဆိုက် ဖြစ်ချိန်မှာ စစ်တပ်ကို မင်းအောင်လှိုင် ကွပ်ကဲခဲ့တယ်) လို့ နာမည်တပ်ပြီး ပြောသွားပါတယ်။ ဒါဟာ နောင်တစ်ချိန် ICC လို တရားရုံးတွေမှာ လူပုဂ္ဂိုလ်အရ အရေးယူခံရမယ့် လမ်းစပါပဲ။ သမ္မတ ဖြစ်ဖို့ နေနေသာသာ ထောင်နန်းစံဖို့ ပိုနီးစပ်သွားပါပြီ။
နိဂုံး
နိဂုံးချုပ်ရရင်... မင်းအောင်လှိုင်ရဲ့ သမ္မတ အိပ်မက်ဟာ ICJ တရားခွင်ထဲမှာတင် အရည်ပျော်သွားပါပြီ။ နိုင်ငံတကာက သူ့ကို "Junta Leader" (စစ်ခေါင်းဆောင်) အဖြစ်သာ ဆက်ဆံပြီး၊ တရားမျှတမှုအတွက် အဖြေရှာနေသမျှ ကာလပတ်လုံး သူဟာ ဘယ်တော့မှ တရားဝင် သမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။ ICJ တရားခွင်က ပေးလိုက်တဲ့ Message (မက်ဆေ့ခ်ျ) က ရှင်းပါတယ်။ "Impunity" (အင်ပျူနတီ) လို့ခေါ်တဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ခေတ်ကုန်သွားပါပြီ။ လူနည်းနည်းသေလို့၊ စစ်တိုက်နေလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ နိုင်ငံတကာ ဥပဒေကို လှည့်စားလို့ မရတော့ဘူးဆိုတာ ဒီလျှောက်လဲချက်တွေက သက်သေပြနေပါတယ်။
လျှောက်လဲချက် တင်သွင်းသူများ
ဒီလျှောက်လဲချက်ကို ဂမ်ဘီယာနိုင်ငံ (The Gambia) ကိုယ်စားပြုပြီး အဓိက ပုဂ္ဂိုလ် (၂) ဦးက တင်သွင်းသွားတာ ဖြစ်ပါတယ်။
ဒေါက်ဒါ ဂျလို (Dawda Jallow): ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ်နှင့် တရားရေးဝန်ကြီး။
ပရော်ဖက်ဆာ ဖိလစ် စန်း (Professor Philippe Sands): ဂမ်ဘီယာဘက်က ငှားရမ်းထားတဲ့ ကမ္ဘာကျော် နိုင်ငံတကာ ဥပဒေပညာရှင်။
မိတ်ဆွေတို့ရော ဒီအမှုအပေါ် ဘယ်လိုမြင်ကြလဲ။ Comment မှာ ဝင်ရောက်ဆွေးနွေးပေးကြပါဦး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ရဲဘော် ET ပါ။
I would like to start with a world-famous quote by former U.S. President Abraham Lincoln. He said: "You can fool all the people some of the time, and some of the people all the time, but you cannot fool all the people all the time."
To translate this into our context: The Military Council tried to fool the world by claiming, "We are conducting counter-terrorism operations." They also blinded some of the public with propaganda. But as we saw at the ICJ hearing today... their lies have been exposed, proving they cannot fool everyone forever.
Today, I want to present a detailed account of the intense arguments between The Gambia and the Myanmar Military Council at the world's highest court, the ICJ. This is not just an ordinary court hearing; it is becoming a critical turning point in the history of international law.
I will explain in detail, for the knowledge of our listeners, how The Gambia legally dismantled the "Counter-terrorism" shield that the Military Council has always hidden behind.
Is it a Numbers Game? First, let's discuss the "Numbers Game." The lawyers for Myanmar argued, "The number of deaths is low. Therefore, this does not reach the level of Genocide."
However, The Gambia strongly rejected this. They pointed to a specific legal phrase: "In whole or in part." This means that if there is an intent to destroy an ethnic group, whether "completely or partially," millions do not have to die. Even killing a single person with that specific intent constitutes Genocide. Therefore, the excuse that "it is not Genocide because few people died" holds no weight before the law.
Actus Reus and Mens Rea To understand this case, you need to know two major legal terms:
Actus Reus: This refers to the "criminal act" itself—killing, burning, raping, etc.
Mens Rea: This refers to the "mental state" or "intent to commit the crime."
The Gambia stated that it is undeniable that "Actus Reus"—the killings, arson, and rapes—occurred on the ground. No one can deny this. The main focus now is proving "Mens Rea," the intent. Did the military truly have the intent to destroy these people?
Here, the term "Dolus Specialis" comes into play. It means "Specific Intent." The Gambia presented solid evidence that there was "Genocidal Intent"—a specific intent to target and destroy the Rohingya simply because they were Rohingya.
The Counter-Terrorism Shield Now we must address the Military Council's strongest fortress: the "Counter-terrorism" narrative. They always claim, "We were fighting ARSA; we were conducting counter-terrorism operations."
The lawyers for The Gambia rebutted this with the concept of "Mixed Motives." To put it simply: You may have had a military objective. But if, at the same time, you also harbored the intent to destroy an ethnic group, then the "Counter-terrorism" title cannot protect you. Under the law, if both motives exist side-by-side, it is still Genocide. You cannot escape liability simply by labeling the operation.
How to Prove Intent? So, how do we measure the intent to destroy? The Gambia cited the report by the UN FFM (United Nations Fact-Finding Mission) and proved it using (7) key indicators:
Extreme Brutality: The military's actions were excessively cruel, going far beyond military necessity.
Organized Nature: The burning of villages was not random but systematic and planned.
Sexual Violence: Sexual violence occurred in a similar pattern across widespread areas.
Hate Speech: Officials themselves used racially discriminatory language.
Discriminatory Plans: Plans were implemented to segregate and exclude the ethnic group.
Tolerance of Rhetoric: The government allowed hate speech to spread without taking action.
Impunity: Perpetrators were granted immunity and not held accountable.
Looking at these points, what happened in villages like Tula Toli (Min Gyi), Chut Pyin, and Maung Nu was not accidental "Collateral Damage." The Gambia pointed out that these were acts of intentional Genocide.
The Gambia's Choice of Words When listening closely to the audio of the submission, it is notable that The Gambia was very careful in distinguishing between the "Government" and the "Military/Tatmadaw."
Using "Myanmar" as the Defendant: Since the ICJ is a court where states sue states, they used the official name "Republic of the Union of Myanmar" or simply "Myanmar." Legally, while the military committed the genocide, under international law, the "State" is the entity that must answer for it. Hence, they used the phrase "Myanmar is responsible."
Using "Tatmadaw" and "Military" as the Perpetrator: They did not loosely use the term "Government." They pointed the finger directly at the military. They used specific phrases like "Tatmadaw's extreme brutality" and "The military that perpetrated the genocide."
Using "Junta" for the Current Rulers: The Gambia did not recognize the current group in Naypyitaw as the "Government," but explicitly referred to them as the "Junta." Min Aung Hlaing was referred to as the "Leader of the Junta," while Daw Aung San Suu Kyi was referred to as "Civilian authorities."
Min Aung Hlaing's Presidential Dream Destroyed The main reason Min Aung Hlaing seized power is clear: He wanted to be President. But that path is now being gradually blocked. Yesterday's submissions by The Gambia effectively downgraded him from a "Head of State" to a "Gang Leader."
How did the ICJ block his path? I will explain with (3) points:
Legitimacy: To be President, you need international recognition. However, The Gambia's submission never referred to Min Aung Hlaing as "Head of State," only as "Leader of the Junta." The World Court officially recording him as the leader of a coup group rather than a government essentially bans his presidency on the international stage.
Image: Min Aung Hlaing wants to portray himself as "the savior of the country, the suppressor of terrorists." But The Gambia proved legally that "Your actions were not counter-terrorism; they were Genocide." A person branded a "Genocidaire" can never become a legitimate President in any country in the world.
Criminal Liability: The Gambia explicitly named him, stating, "Senior General Min Aung Hlaing commanded the military during the genocide." This paves the way for individual prosecution in courts like the ICC in the future. He is now much closer to a prison cell than a presidential palace.
Conclusion To conclude... Min Aung Hlaing's presidential dream has melted away inside the ICJ courtroom. As long as the international community treats him only as a "Junta Leader" and seeks justice, he will never become a legitimate President. The message from the ICJ is clear: The era of "Impunity" is over. These submissions prove that you can no longer fool international law with excuses like "only a few people died" or "we were fighting a war."
The Presenters of the Submission This submission was presented on behalf of The Gambia by two key figures:
Dawda Jallow: Attorney General and Minister of Justice of The Gambia.
Professor Philippe Sands: A world-renowned international legal expert hired by The Gambia.
What are your thoughts on this case? Please discuss in the comments. Thank you all. This is Comrade ET.
Comments
Post a Comment