"သတ်လိုက်တော့" - မင်းအောင်လှိုင်စစ်အုပ်စုကို ဂုတ်ကြိုးတပ်မည့် ICJ ဒုတိယနေ့ ကြားနာပွဲမှ ထိတ်လန့်ဖွယ် သက်သေအထောက်အထားများ
ရက်စွဲ၊ ၁၄-၁-၂၀၂၆
နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံး (ICJ) တွင် မြန်မာစစ်အုပ်စုအား ဂမ်ဘီယာနိုင်ငံမှ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြင့် တရားစွဲဆိုထားသည့် အမှု၏ ဒုတိယနေ့ ကြားနာပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဆက်လက်ပြုလုပ်ခဲ့သည်။
ယနေ့ကြားနာပွဲတွင် ဂမ်ဘီယာဘက်မှ ရှေ့နေကြီး (၅) ဦးက စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ၊ ကြိုတင်စီစဉ်ထားမှုများနှင့် အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) ပါဝင်ပတ်သက်မှုများကို ငြင်းမရနိုင်သော သက်သေအထောက်အထားများနှင့်တကွ ၃ နာရီကြာ ဖွင့်ချတင်ပြသွားခဲ့သည်။
ဤဆောင်းပါးတွင် ICJ တရားခွင်အတွင်း တင်ပြခဲ့သည့် အဓိကအချက်အလက်များကို အကျဉ်းချုပ် ဖော်ပြပေးသွားပါမည်။
၁။ အကွက်ချ စီစဉ်ထားသော စစ်ဆင်ရေး (Premeditation)
ရှေ့နေ မစ္စတာ အင်ဒရူး လိုဝင်စတိန်း (Mr. Andrew Lewinstein) က စစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများသည် ARSA တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းမဟုတ်ဘဲ၊ ကြိုတင်စီမံထားခြင်းဖြစ်ကြောင်း တင်ပြခဲ့သည်။
ရိက္ခာဖြတ်တောက်ခြင်း: ၂၀၁၇ သြဂုတ်လ မတိုင်မီကတည်းက WFP နှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များကို ဝင်ရောက်ခွင့် ပိတ်ပင်ကာ ရိုဟင်ဂျာများကို အစာရေစာ ငတ်ပြတ်အောင် ဖန်တီးခဲ့သည်။
ခြံစည်းရိုးများ ဖယ်ရှားခြင်း: လုံခြုံရေး အကြောင်းပြချက်ဖြင့် နေအိမ်ခြံစည်းရိုးများကို ဖျက်သိမ်းခိုင်းခဲ့ရာ အမျိုးသမီးများအတွက် အကာအကွယ်မဲ့သွားစေခဲ့သည်။
လက်နက်သိမ်းခြင်း: မီးဖိုချောင်သုံး ဓားမှအစ လယ်ယာသုံး ကိရိယာများအဆုံး လိုက်လံသိမ်းဆည်းပြီး ခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်ခဲ့သည်။
စစ်အင်အား ဖြည့်တင်းခြင်း: ARSA တိုက်ခိုက်မှု မဖြစ်ပွားမီ သြဂုတ်လ အစောပိုင်းကတည်းက တပ်မ (၃၃) နှင့် (၉၉) မှ စစ်သည်များကို လေကြောင်းဖြင့် ပို့ဆောင်ကာ အသင့်ပြင်ထားခဲ့သည်။
၂။ မင်းကြီးရွာ (Tula Toli) လူသတ်ပွဲနှင့် ကလေးငယ်များကို ရက်စက်ခြင်း
ရှေ့နေ မစ္စ တာဖာဇွာ ပါစီပါနိုဒီယာ (Ms. Tafadzwa Pasipanodya) က မောင်တောမြို့နယ်၊ မင်းကြီးရွာ (Tula Toli) တွင် ဖြစ်ပွားခဲ့သော ရက်စက်မှုများကို တင်ပြခဲ့သည်။
ထောင်ချောက်ဆင် သတ်ဖြတ်ခြင်း: ရွာသားများကို မြစ်ကမ်းပါးဘက်သို့ မောင်းသွင်းပြီး ပိတ်မိနေချိန်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ကလေးငယ်များကို သတ်ဖြတ်ခြင်း: စစ်သားများသည် မိခင်များလက်ထဲမှ ကလေးငယ်များကို လုယူကာ မြစ်ထဲသို့ ပစ်ချခြင်း၊ မီးပုံထဲသို့ ပစ်ထည့်ခြင်းများ ပြုလုပ်ခဲ့သည်။ သက်သေတစ်ဦးက ၃ လသားအရွယ် ကလေးငယ်ကို လည်လှီးသတ်ဖြတ်ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု: အမျိုးသမီးများကို အိမ်များထဲသို့ ဆွဲခေါ်သွားပြီး အုပ်စုဖွဲ့ မုဒိမ်းကျင့်ကာ မီးရှို့သတ်ဖြတ်ခဲ့သည်။
၃။ ချွတ်ပြင်ရွာ (Chut Pyin) စာသင်ကျောင်း လူသတ်ကွင်း
ရှေ့နေ မစ္စ ဒီယမ်ဟို (Ms. Diem Ho) က ရသေ့တောင်မြို့နယ်၊ ချွတ်ပြင်ရွာ ဖြစ်စဉ်ကို တင်ပြရာတွင် အသက် ၆ နှစ်အောက် ကလေးငယ် ၁၂၇ ဦး သေဆုံးခဲ့ရကြောင်း ထောက်ပြခဲ့သည်။
စာသင်ကျောင်းတွင်း ကွပ်မျက်ခြင်း: အမျိုးသားများနှင့် ယောကျ်ားလေးများကို စာသင်ကျောင်းအတွင်း မောင်းသွင်းပြီး လက်ပြန်ကြိုးတုပ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။
ရက်စက်ကြမ်းကြုတ်မှု: ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ဗိုက်ခွဲသတ်ဖြတ်ခြင်း၊ သက်ကြီးရွယ်အိုများကို သေနတ်ဒင်ဖြင့် ရိုက်သတ်ခြင်းများ ကျူးလွန်ခဲ့သည်။
မီးရှို့ဖျက်ဆီးခြင်း: RPG ကဲ့သို့သော လက်နက်ကြီးများ အသုံးပြု၍ ရွာကို မီးရှို့ခဲ့ပြီး အိမ်ထဲတွင် ပိတ်မိနေသူများ အရှင်လတ်လတ် မီးလောင်သေဆုံးခဲ့ရသည်။
၄။ မောင်နုရွာ (Maung Nu) နှင့် "သတ်လိုက်တော့" အမိန့်
ရှေ့နေ မစ္စ မာရီယာနာ ငွမ် (Ms. Mariana Ngum) က ဘူးသီးတောင်မြို့နယ်၊ မောင်နုရွာ ဖြစ်စဉ်တွင် အထက်အမိန့် ပါဝင်ပတ်သက်မှုကို သက်သေပြခဲ့သည်။
အသံဖိုင်သက်သေ: ရွာသားများကို ဖမ်းဆီးထားစဉ် စစ်သားတစ်ဦးက ဖုန်းဖြင့် အထက်အရာရှိအား "ဆရာ.. ကျွန်တော်တို့ လူ ၈၇ ယောက် မိထားတယ်.. ဘာလုပ်ရမလဲ" ဟု မေးမြန်းရာ၊ တစ်ဖက်မှ "သတ်လိုက်တော့" ဟု အမိန့်ပေးခဲ့ကြောင်း သက်သေက ကြားသိခဲ့ရသည်။
စနစ်တကျ ကွပ်မျက်ခြင်း: ထိုအမိန့်ရပြီးနောက် ဖမ်းမိထားသူများကို ကြိုးတုပ်ကာ စနစ်တကျ ကွပ်မျက်ခဲ့သည်။
၅။ ရေတပ်ပါဝင်ပတ်သက်မှုနှင့် အင်းဒင် (Inn Din) ဖြစ်စဉ်
ရှေ့နေ မစ္စတာ ချားလ်စ် (Mr. Charles Jalloh) က အခြားကျေးရွာများတွင် ဖြစ်ပွားခဲ့သော ရက်စက်မှုများကို ဆက်လက်တင်ပြခဲ့သည်။
ရေတပ်၏ ပစ်ကူ: ပင်လယ်ကမ်းစပ်ရွာများဖြစ်သော ကိုးတန်ကောက်နှင့် ချိန်ခါလီ ရွာများကို စီးနင်းရာတွင် ကမ်းလွန်မှ ရေတပ်သင်္ဘောများကပါ လှမ်း၍ ပစ်ကူပေးခဲ့ကြောင်း တင်ပြခဲ့ရာ၊ ၎င်းသည် နိုင်ငံတော်အဆင့် (State Level) ပါဝင်ပတ်သက်မှုကို ပြသနေသည်။
အင်းဒင် လူသတ်ပွဲ: ရိုက်တာသတင်းဌာနမှ ဖော်ထုတ်ခဲ့သော အင်းဒင်ရွာ သင်္ချိုင်းကုန်းတွင် အရပ်သား ၁၀ ဦးကို ဖမ်းဆီး ဒူးထောက်ခိုင်းပြီး ကွပ်မျက်ခဲ့သည့် ဓာတ်ပုံသက်သေများကိုလည်း တရားခွင်တွင် တင်ပြခဲ့သည်။
ယနေ့ကြားနာပွဲတွင် တင်ပြခဲ့သော သက်သေအထောက်အထားများသည် မြန်မာစစ်အုပ်စု၏ "နယ်မြေရှင်းလင်းရေး" ဆိုသည်မှာ တကယ်တမ်းတွင် လူမျိုးစုတစ်စုလုံးကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်ရှိရှိ ကြိုတင်စီစဉ်ပြီး အထက်အမိန့်ဖြင့် စနစ်တကျ ကျူးလွန်ခဲ့သော လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဖြစ်ကြောင်း ကမ္ဘဘာ့ရှေ့မှောက်တွင် ထင်ရှားစေခဲ့သည်။
The second day of hearings in the case filed by The Gambia against the Myanmar military group for Genocide was held on January 14, 2026, at the International Court of Justice (ICJ) in The Hague, Netherlands.
During today’s hearing, five legal counsels for The Gambia spent three hours presenting undeniable evidence exposing the Military Council’s brutality, premeditation, and the involvement of the Chain of Command.
This article summarizes the key facts presented within the ICJ courtroom.
1. Premeditated Operations
Counsel Mr. Andrew Lewinstein presented that the military's "Clearance Operations" were not a response to ARSA attacks but were, in fact, premeditated.
Cutting off Rations: Even before August 2017, access for the WFP and other international aid organizations was blocked to manufacture starvation conditions for the Rohingya.
Removal of Fences: Under the guise of security, household fences were ordered to be dismantled, leaving women vulnerable and without protection.
Confiscation of Weapons: Everything from kitchen knives to farming tools was confiscated to render the population incapable of resistance.
Troop Reinforcement: Troops from Light Infantry Divisions (LID) 33 and 99 were airlifted and positioned in early August, well before the ARSA attacks occurred.
2. The Tula Toli (Min Gyi) Massacre and Cruelty to Children
Counsel Ms. Tafadzwa Pasipanodya presented the atrocities committed in Tula Toli (Min Gyi) village, Maungdaw Township.
Killing by Entrapment: Villagers were herded toward the riverbank and shot while trapped.
Killing of Children: Soldiers snatched babies from their mothers' arms and threw them into the river or into fires. One witness testified seeing a 3-month-old baby’s throat slit.
Sexual Violence: Women were dragged into houses, gang-raped, and burned to death.
3. The Killing Field at Chut Pyin Village School
Counsel Ms. Diem Ho presented the events in Chut Pyin village, Rathedaung Township, highlighting that 127 children under the age of 6 were killed.
Execution inside the School: Men and boys were herded into the school, had their hands tied behind their backs, and were executed en masse.
Brutality: Pregnant women were disemboweled, and the elderly were beaten to death with rifle butts.
Arson and Destruction: Heavy weapons like RPGs were used to set fire to the village, burning alive those trapped inside their homes.
4. Maung Nu Village and the "Kill Them" Order
Counsel Ms. Mariana Ngum proved the involvement of superior orders in the Maung Nu village incident, Buthidaung Township.
Audio Evidence: A witness overheard a soldier asking a superior officer via phone while detaining villagers: "Sir, we have caught 87 people... what should we do?" The order came back from the other end: "Kill them."
Systematic Execution: Following that order, the detainees were tied up and systematically executed.
5. Navy Involvement and the Inn Din Incident
Counsel Mr. Charles Jalloh continued by presenting atrocities in other villages.
Naval Fire Support: During raids on coastal villages like Koe Tan Kauk and Chein Khar Li, offshore Navy vessels provided fire support. This demonstrates State Level involvement.
The Inn Din Massacre: Photographic evidence exposed by Reuters, showing 10 civilians being forced to kneel at the Inn Din village cemetery before being executed, was also presented to the court.
The evidence presented at today's hearing made it clear to the world that the Myanmar military group's "Clearance Operations" were, in reality, a Genocide—premeditated with the intent to destroy an entire ethnic group, and systematically executed under superior orders.
Comments
Post a Comment