Skip to main content

ICJ တရားခွင်မှ တုန်လှုပ်ဖွယ်ရာများ: စစ်တပ်၏ လိမ်ညာမှုများကို ဂမ်ဘီယာရှေ့နေ ၆ ဦး ဖြိုချလိုက်သည့်နေ့

ရက်စွဲ၊ ၁၄-၁-၂၀၂၆

မနေ့က ပြုလုပ်ခဲ့တဲ့ ICJ တရားခွင် ကြားနာမှုဟာ မြန်မာ့သမိုင်းမှာ အလွန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အမြဲတမ်း ခုတုံးလုပ်လေ့ရှိတဲ့ "ဒါဟာ ARSA အကြမ်းဖက်သမားတွေကို နှိမ်နင်းတာပါ (Counter-terrorism Operation)" ဆိုတဲ့ ခိုင်လုံပုံရတဲ့ ဆင်ခြေကြီးကို ဂမ်ဘီယာနိုင်ငံဘက်က ဥပဒေပညာရှင် ရှေ့နေကြီး ၆ ဦးက အချက်အလက် ခိုင်လုံစွာနဲ့ ဖြိုချသွားခဲ့ပါတယ်။

မွေးကင်းစကလေးတွေကို မီးထဲပစ်ထည့်တာက အကြမ်းဖက်နှိမ်နင်းရေးလား? ရခိုင် AA ကိုကျတော့ ရွာမီးမရှို့ဘဲ ARSA ကျမှ ဘာလို့ ရွာလုံးကျွတ် မီးရှို့တာလဲ? ဒီမေးခွန်းတွေကို ဖြေဖို့ စစ်ကောင်စီအတွက် လမ်းစပိတ်သွားခဲ့တဲ့ လျှောက်လဲချက် ၆ ခုကို အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

(၁) ပထမဦးဆုံး လျှောက်လဲချက် - ရက်စက်မှုပမာဏ (Scale of Brutality) ပထမဆုံး ရှေ့နေကြီးက မင်းကြီး (Tula Toli)၊ ချွတ်ပြင်နဲ့ မောင်နုရွာတွေမှာ ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို တင်ပြခဲ့ပါတယ်။ စစ်ဆင်ရေးရဲ့ ရက်စက်မှုပမာဏ (Scale) နဲ့ စနစ်တကျရှိမှု (Systematic nature) ဟာ စစ်ပွဲတစ်ခုထက် ကျော်လွန်ပြီး "လူမျိုးတုန်းသတ်ဖြတ်လိုစိတ် (Genocidal Intent)" ရှိမှသာ လုပ်နိုင်မယ့် အရာတွေဖြစ်ကြောင်း ဖွင့်ချခဲ့ပါတယ်။

(၂) Ms. Pazpanogia - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Sexual Violence) ရှေ့နေ Ms. Pazpanogia က ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ မုဒိမ်းမှုတွေဟာ စစ်သားတွေရဲ့ စည်းကမ်းဖောက်ဖျက်မှု သက်သက်မဟုတ်ကြောင်း ထောက်ပြပါတယ်။ ရဝမ်ဒါခုံရုံး (Akayesu အမှု) ကို ကိုးကားပြီး အမျိုးသမီးတွေကို ပစ်မှတ်ထားခြင်းဟာ လူမျိုးစုတစ်စုရဲ့ မျိုးဆက်ပွားနိုင်စွမ်းကို ဖျက်ဆီးလိုတဲ့ Genocide လက်နက်တစ်ခု ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

(၃) Mr. Andrew Rubinstein - ကလေးသူငယ်များအား သတ်ဖြတ်ခြင်း (Crimes Against Children) စိတ်အထိခိုက်ရဆုံး အပိုင်းပါပဲ။ ရှေ့နေ Mr. Rubinstein က မွေးကင်းစ ကလေးငယ်တွေကို မီးထဲပစ်ထည့်တာ၊ မိခင်ရင်ခွင်ထဲက ဆွဲလုသတ်ဖြတ်တာတွေကို တင်ပြခဲ့ပါတယ်။ "အကြမ်းဖက်နှိမ်နင်းရေး" ဆိုရင် ကလေးတွေကို ဘာလို့သတ်သလဲ? ဒါဟာ လူမျိုးစုတစ်ခုရဲ့ အနာဂတ် (မျိုးဆက်) ကို ဖြတ်တောက်ချင်လို့ပါလို့ သူက ဆိုပါတယ်။

(၄) Ms. Yasmin Alameen - သက်သေဖျောက်ဖျက်ခြင်း (Destruction of Evidence) ရှေ့နေ Ms. Alameen ကတော့ စစ်တပ်ဟာ လူသတ်ပြီးရုံတင် မကဘဲ အလောင်းတွေကို အက်ဆစ်နဲ့လောင်း၊ မြေထိုးစက်တွေနဲ့ထိုးပြီး သက်သေဖျောက်ခဲ့ပုံကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တင်ပြပါတယ်။ ရွာဟောင်းနေရာတွေမှာ စစ်စခန်းတွေ အမြန်ဆောက်လုပ်လိုက်တာဟာ "Crime Scene" ကို ဖျက်ဆီးတာဖြစ်ပြီး၊ ဒါဟာ အပြစ်ရှိကြောင်း ဝန်ခံရာရောက်တယ်လို့ ထောက်ပြသွားပါတယ်။

(၅) Prof. Pierre Darjean - ပြစ်ဒဏ်ကင်းလွတ်ခွင့် (Impunity) ပါမောက္ခ Pierre Darjean က အင်းဒင်ရွာ လူသတ်မှုကို ဥပမာပေးပါတယ်။ လူသတ်တဲ့ စစ်သား ၇ ယောက်ကို ထောင် ၁၀ နှစ်ချပြီး ၇ လနဲ့ လွှတ်ပေးလိုက်ပေမယ့်၊ သတင်းဖော်ထုတ်တဲ့ သတင်းထောက်တွေကိုတော့ တစ်နှစ်ကျော် ဖမ်းချုပ်ထားခဲ့ပါတယ်။ ဒါကိုကြည့်ရင် ပြည်တွင်းတရားစီရင်ရေးဟာ ဟန်ပြသက်သက်သာဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

(၆) Mr. Suleiman - AA နှင့် ARSA နှိုင်းယှဉ်ချက် (The Final Blow) နောက်ဆုံးအနေနဲ့ Mr. Suleiman က စစ်တပ်ရဲ့ "အကြမ်းဖက်နှိမ်နင်းရေး" ခေါင်းစဉ်ကို အပြီးတိုင် ဖြိုချလိုက်ပါတယ်။ လက်နက်အပြည့်ရှိတဲ့ AA (ရက္ခိုင့်တပ်တော်) နဲ့ တိုက်တုန်းက ရခိုင်ရွာတွေကို မီးမရှို့ပါဘူး။ ဒါပေမဲ့ လက်နက်မရှိတဲ့ ARSA ကျမှ ရွာတွေကို မြေလှန်မီးရှို့တာဟာ "စစ်ရေးလိုအပ်ချက်" ကြောင့် မဟုတ်ဘဲ "လူမျိုးရေးမုန်းတီးမှု" ကြောင့်သာ ဖြစ်ကြောင်း သက်သေပြသွားပါတယ်။

ဒီနေ့ ICJ မှာ ကြားခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ ၂၀၁၇ ခုနှစ်က ဖြစ်ရပ်တွေဆိုပေမယ့်၊ ယနေ့ နွေဦးတော်လှန်ရေးကာလ စစ်ကိုင်းနဲ့ မကွေးက ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေနဲ့ ထပ်တူနီးပါး တူညီနေပါတယ်။ စစ်တပ်ရဲ့ "ပြစ်ဒဏ်ကင်းလွတ်ခွင့်" ကို အဆုံးသတ်နိုင်မှသာ ကျွန်တော်တို့အားလုံးရဲ့ အနာဂတ် လုံခြုံမှာ ဖြစ်ပါတယ်။

Yesterday’s ICJ hearing marked a pivotal milestone in Myanmar’s history. The Gambia’s team of six legal experts used solid evidence to dismantle the Military Council's perpetual and seemingly plausible excuse: "This was a Counter-terrorism Operation against ARSA terrorists."

Is throwing newborn babies into a fire considered counter-terrorism? Why burn entire villages for ARSA but not when fighting the Rakhine AA? Here is a summary of the six submissions that effectively sealed off the Military Council's escape route in answering these questions.

(1) First Submission - Scale of Brutality The first counsel presented the massacres that occurred in Tula Toli, Chut Pyin, and Maung Nu villages. It was revealed that the Scale of brutality and the Systematic nature of the operations exceeded the scope of warfare and could only have been executed with "Genocidal Intent."

(2) Ms. Pazpanogia - Sexual Violence Lawyer Ms. Pazpanogia highlighted that the rapes committed against Rohingya women were not merely breaches of discipline by soldiers. Citing the Rwanda tribunal (Akayesu case), she proved that targeting women is a weapon of Genocide aimed at destroying a group's reproductive capacity.

(3) Mr. Andrew Rubinstein - Crimes Against Children This was the most heart-wrenching section. Lawyer Mr. Rubinstein presented evidence of newborn babies being thrown into fires and snatched from their mothers' arms to be killed. He asked: If this is "Counter-terrorism," why kill children? He stated that this was done to sever the future (lineage) of an ethnic group.

(4) Ms. Yasmin Alameen - Destruction of Evidence Lawyer Ms. Alameen presented satellite imagery showing that the military did not just kill; they used acid and bulldozers to dispose of the bodies. She pointed out that rapidly constructing military bases over the sites of old villages amounted to destroying the "Crime Scene" and effectively served as an admission of guilt.

(5) Prof. Pierre Darjean - Impunity Professor Pierre Darjean cited the Inn Din village massacre as an example. The seven soldiers who committed the murders were sentenced to 10 years in prison but were released after only 7 months, while the journalists who exposed the news were detained for over a year. This demonstrates that the domestic judicial system is merely a façade.

(6) Mr. Suleiman - The AA vs. ARSA Comparison (The Final Blow) Finally, Mr. Suleiman delivered the final blow to the military's "Counter-terrorism" narrative. He compared the situations: When fighting the fully armed AA (Arakan Army), they did not burn Rakhine villages. However, the scorched-earth policy used against the largely unarmed ARSA proved that the actions were driven by "Racial Hatred" rather than "Military Necessity."


Although the events heard at the ICJ today date back to 2017, they mirror the situations currently being endured by the people of Sagaing and Magway during this Spring Revolution. Only by ending the military's "Impunity" can our collective future be secured.

Comments

Popular posts from this blog

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ရာဇဝတ်ကောင် (၆၁) ဦးကို အရေးယူရန် သက်သေအထောက်အထား ခိုင်လုံပြီဟု Fortify Rights ကြေညာ

  (ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၆) အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီး မြထွန်းဦး အပါအဝင် စစ်တပ်နှင့် ရဲအရာရှိ (၆၁) ဦးကို စစ်အာဏာသိမ်းကာလအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ (Crimes against Humanity) အတွက် စွဲချက်တင် အရေးယူနိုင်ရန် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိထားပြီဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ "လုံခြုံရာအရပ် ကင်းမဲ့နေခြင်း" အစီရင်ခံစာ Fortify Rights သည် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် "Nowhere is Safe" (လုံခြုံရာအရပ် ကင်းမဲ့နေခြင်း) ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ (၆) လတာကာလအတွင်း စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကို အဓိကထား စုံစမ်းစစ်ဆေးထားခြင်း ဖြစ်သည်။ ခိုင်လုံသော သက်သေအထောက်အထားများ အစီရင်ခံစာတွင် စစ်ရာဇဝတ်မှုများကို သက်သေပြနိုင်ရန် အောက်ပါအချက်အလက်များကို စုဆောင်းထားကြောင်း သိရသည်- မျက်မြင်သက်သေများနှင့် အသက်...

မှော်ဘီမြို့နယ်တွင် ဇနီးသည်အား ခေါင်းဖြတ်သတ်ပြီး ခေါင်းဆွဲကာ ကားဓားပြတိုက်ထွက်ပြေးသူကို ဖမ်းဆီးရမိ (ရုပ်သံမှတ်တမ်း)

  (ရန်ကုန်၊ ဇန်နဝါရီ ၂၄) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မနက်ပိုင်းက အလွန်ရက်စက်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်အသေးစိတ် ယနေ့ မနက် (၁၀) နာရီဝန်းကျင်ခန့်က အဆိုပါရပ်ကွက်တွင် နေထိုင်သည့် လူငယ်လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား နေအိမ်အတွင်း၌ပင် ဓားအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သေဆုံးသူ၏ ခန္ဓာကိုယ်ကို နေအိမ်တွင် ထားရစ်ခဲ့ပြီး ပြတ်သွားသည့် ခေါင်းကို လက်မှဆွဲကာ ဓားအရှည်ကို ကိုင်ဆောင်လျက် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ခေါင်းဆွဲပြီး ကားဓားပြတိုက် မောင်းပြေး မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ - "အဲဒီလူက မိန်းမရဲ့ခေါင်းကို တွဲလောင်းယူပြီး ပြည်လမ်းအတိုင်း ထွက်လာတာ။ လမ်းမအလယ်မှာ ခဏထိုင်နေသေးတယ်။ ပြီးတော့ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားနဲ့ချိန် ခြိမ်းခြောက်ပြီး သူပါလိုက်စီးသွားတယ်။ ကားကို မှော်ဘီတိုးဂိတ်ဘက် မောင်းခိုင်းသွားတာ" ဟု ဆိုသည်။ တိုးဂိတ်တွင် ဖမ်းဆီးရမိ ကားမောင်းနှင်သွားပြီးနောက် မနက် (၁၀) နာရီခွဲကျော်အချိန်ခန့်...

ICJ တရားခွင်မှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းကို နာမည်တပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွဲချက်တင်

  နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာ ပြုလုပ်နေတဲ့ ICJ တရားခွင်ကတော့ စစ်ကောင်စီအတွက် အိပ်မက်ဆိုးကြီး ဖြစ်လာပါပြီ။ ဂမ်ဘီယာဘက်က တရားလိုရှေ့နေ အာဆလမ် ဆူလေမန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းတို့ကို "လူမျိုးတုံးသတ်ဖြတ်မှု (Genocide)" ကျူးလွန်သူတွေအဖြစ် နာမည်တပ်ပြီး ခိုင်လုံတဲ့ သက်သေတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။ မင်းအောင်လှိုင်၏ မိန့်ခွန်းများနှင့် လိမ်ညာမှုများ] တရားခွင်မှာ မင်းအောင်လှိုင်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလ မိန့်ခွန်းတွေကို အဓိက သက်သေအဖြစ် တင်ပြခဲ့ပါတယ်။ သမိုင်းကို ခုတုံးလုပ်ခြင်း - ၁၉၄၂ ခုနှစ် ဖြစ်ရပ်တွေကို ပြန်ဖော်ပြီး လက်ရှိ အကြမ်းဖက်မှုတွေဟာ မှန်ကန်ကြောင်း ဝါဒဖြန့်ခဲ့ပါတယ်။ လူမျိုးရေး အမုန်းစကား - "မြေမျိုလို့ လူမျိုးမပျောက်ဘူး၊ လူမျိုမှ လူမျိုးပျောက်မယ်" ဆိုတဲ့ စကားရပ်နဲ့ "ဘင်္ဂါလီတွေ လူဦးရေတိုးပွားနေတယ်" ဆိုတဲ့ ပြောဆိုချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တွန်းအားပေးတဲ့ သက်သေတွေအဖြစ် စွဲချက်တင်ခံရပါတယ်။ ဓာတ်ပုံအတုများ - တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဖြန့်ဝေခဲ့တဲ့ "ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေကို သတ်နေ...