Skip to main content

"သားကိုထားခဲ့၊ ခင်ဗျားပြန်တော့" ဆိုတဲ့ စစ်ကိုင်းတံတားထိပ်က ငရဲခန်းနဲ့ အွန်လိုင်းပေါ်က မေ့ဆေးဆရာများ - "Leave Your Son, You Go Back": The Nightmare at Sagaing Bridge and the Online Distractions


အခုရက်ပိုင်း စစ်ကိုင်းဘက်ကို ခရီးသွားမယ့်သူတွေ၊ အထူးသဖြင့် အမျိုးသားတွေ သတိထားကြဖို့ လိုနေပါပြီ။ စစ်ကောင်စီက "ခရိုင်စီမံချက်" ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စစ်ကိုင်းမြို့တွင်းနဲ့ တံတားအဆင်းအတက်တွေမှာ လူကို မရမက ပေါ်တာဆွဲ ဖမ်းဆီးနေပါတယ်။

"သားကိုထားခဲ့၊ ခင်ဗျားပြန်တော့" ဒီစကားက ရုပ်ရှင်ကားထဲက မဟုတ်ပါဘူး။ မန္တလေးကနေ မုံရွာကိုပြန်လာတဲ့ သားအမိနှစ်ယောက် ကြုံခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ပါ။ သားဖြစ်သူက မန္တလေးမှာ အလုပ်လုပ်နေတာကြာပြီ၊ အခြေအနေမကောင်းလို့ အမေဖြစ်သူက သွားခေါ်ပြီး ပြန်လာကြတာ။ စစ်ကိုင်းအရောက်မှာ စစ်တပ်က တားပြီး သားဖြစ်သူကို အတင်းအဓမ္မ ဆွဲခေါ်သွားပါတယ်။

အမေလုပ်သူက "မလုပ်ပါနဲ့၊ ဒါ ကျွန်မကို လုပ်ကျွေးနေတဲ့ သားပါ" လို့ ဘယ်လောက်တောင်းပန်ပန် မရပါဘူး။ "ခင်ဗျားပြန်တော့၊ သားကိုထားခဲ့" ဆိုပြီး မောင်းထုတ်လိုက်တာပါပဲ။ လိုက်ရွေးလို့လည်း မရ၊ ဘယ်လေ့ကျင့်ရေးကျောင်း ပို့လိုက်မှန်းလည်း မသိရတော့ အဲဒီအမေခမျာ အခုဆို ရူးမတတ် ခံစားနေရရှာပါပြီ။

ငွေညှစ်၊ လူဆွဲ ခေတ်ပျက်ကြီး နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ မြို့ထဲက အလုပ်ပြန်လာတဲ့ လူငယ်တစ်ယောက်ပါ။ ဖမ်းမိမိချင်း ဖုန်းဆက်ခိုင်းပြီး "နာရီဝက်အတွင်း ၁၀ သိန်း လာမရွေးရင် ခေါ်သွားမယ်" ဆိုပြီး ခြိမ်းခြောက်ပါတယ်။ မိသားစုက ပိုက်ဆံရှာရခက်လို့ နည်းနည်းနောက်ကျသွားတာနဲ့ "အချိန်ကျော်သွားပြီ" ဆိုပြီး လေ့ကျင့်ရေးကျောင်းကို တန်းပို့လိုက်ပါတော့တယ်။ ပျူစောထီးတွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်စားနေကြတာပါ။ ကုန်ကားတွေဆိုရင်လည်း ယာဉ်မောင်းပဲချန်ပြီး စပယ်ယာတွေကို ဆွဲချနေလို့ ကားတွေ လှည့်ပြန်နေရတဲ့ အခြေအနေပါ။

ဆယ်လီတွေ၊ ဂိမ်း Streamer တွေကျတော့ရော? ဒီနေရာမှာ မေးခွန်းထုတ်စရာတစ်ခု ရှိလာတယ်။ လမ်းသွားလမ်းလာ သာမန်ပြည်သူတွေ၊ လုပ်ကိုင်စားသောက်နေတဲ့ လူငယ်တွေကိုကျတော့ ပေါ်တာဆွဲ၊ ငွေညှစ်နေကြပြီး၊ အွန်လိုင်းပေါ်မှာ Game Stream နေတဲ့ ကောင်တွေ၊ လောင်းကစားကြော်ငြာပြီး လူငယ်တွေကို လမ်းမှားရောက်အောင် ဆွဲဆောင်နေတဲ့ "Content Creator" အမည်ခံတချို့ကျတော့ ဘာလို့ အေးဆေးနေကြတာလဲ။

သူတို့တွေများ လူငယ်တွေကို နိုင်ငံရေးစိတ်မဝင်စားအောင်၊ တိုင်းပြည်အခြေအနေကို မေ့နေအောင် လုပ်ပေးနေတဲ့ စစ်တပ်ရဲ့ "Partner" တွေများ ဖြစ်နေမလား။ နိုင်ငံက မီးဟုန်းဟုန်းတောက်နေချိန်မှာ ဂိမ်းဆော့ပြ၊ လောင်းကစားကြော်ငြာပြပြီး လူငယ်တွေကို မေ့ဆေးတိုက်နေသလို ဖြစ်နေပါတယ်။ သူတို့ကိုကျတော့ ပေါ်တာမဆွဲဘဲ ဘာလို့ လွှတ်ပေးထားတာလဲဆိုတာ စဉ်းစားစရာပါပဲ။

ပြည်သူတွေအနေနဲ့ကတော့ ကိုယ့်သွေးသားတွေကို မြွေပွေးခါးပိုက်ပိုက်ထားရသလို သတိကြီးကြီးထားပြီး စောင့်ရှောက်ကြပါလို့ပဲ သတိပေးပါရစေ။


English Version



Travelers passing through Sagaing, especially men, need to be extremely cautious right now. The military junta has launched a "District Plan," aggressively arresting civilians for forced conscription at checkpoints around Sagaing Bridge and city exits.

Heartbreaking Separations A devastating incident involves a mother and son returning from Mandalay to Monywa. Soldiers stopped them, forcibly dragged the son away, and told the mother, "Go back, leave your son here." Despite her pleas that he was her sole provider, they refused to release him. The mother was forced to leave alone, heartbroken, while her son was sent to an unknown training camp.

Extortion and Kidnapping In another case, a young man returning from work was detained. The soldiers demanded a ransom of 1 million MMK within 30 minutes. When the family arrived slightly late with the money, the soldiers claimed the "time was up" and sent him straight to military training. It appears that Pyu Saw Htee militias and the military are collaborating to extort and kidnap civilians. Trucks are turning back as soldiers are dragging away assistant drivers, leaving only the main drivers.

The Question of Influencers and Streamers This situation raises a serious question: Why are ordinary working-class youths being targeted, while certain celebrities and game streamers remain untouched? Are these "content creators," some of whom promote online gambling, acting as unofficial partners of the regime?

It seems they are being used to distract the youth, keeping them oblivious to the political crisis while the country burns. Their safety amidst this chaos suggests a disturbing complicity—serving as an "opium" to keep the young generation disengaged from reality.

Stay safe and alert. The danger is real and closer than you think.

#WhatsHappeningInMyanmar #Sagaing #ForcedConscription #MilitaryJunta #MyanmarCrisis

Comments

Popular posts from this blog

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ရာဇဝတ်ကောင် (၆၁) ဦးကို အရေးယူရန် သက်သေအထောက်အထား ခိုင်လုံပြီဟု Fortify Rights ကြေညာ

  (ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၆) အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီး မြထွန်းဦး အပါအဝင် စစ်တပ်နှင့် ရဲအရာရှိ (၆၁) ဦးကို စစ်အာဏာသိမ်းကာလအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ (Crimes against Humanity) အတွက် စွဲချက်တင် အရေးယူနိုင်ရန် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိထားပြီဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ "လုံခြုံရာအရပ် ကင်းမဲ့နေခြင်း" အစီရင်ခံစာ Fortify Rights သည် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် "Nowhere is Safe" (လုံခြုံရာအရပ် ကင်းမဲ့နေခြင်း) ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ (၆) လတာကာလအတွင်း စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကို အဓိကထား စုံစမ်းစစ်ဆေးထားခြင်း ဖြစ်သည်။ ခိုင်လုံသော သက်သေအထောက်အထားများ အစီရင်ခံစာတွင် စစ်ရာဇဝတ်မှုများကို သက်သေပြနိုင်ရန် အောက်ပါအချက်အလက်များကို စုဆောင်းထားကြောင်း သိရသည်- မျက်မြင်သက်သေများနှင့် အသက်...

မှော်ဘီမြို့နယ်တွင် ဇနီးသည်အား ခေါင်းဖြတ်သတ်ပြီး ခေါင်းဆွဲကာ ကားဓားပြတိုက်ထွက်ပြေးသူကို ဖမ်းဆီးရမိ (ရုပ်သံမှတ်တမ်း)

  (ရန်ကုန်၊ ဇန်နဝါရီ ၂၄) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မနက်ပိုင်းက အလွန်ရက်စက်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်အသေးစိတ် ယနေ့ မနက် (၁၀) နာရီဝန်းကျင်ခန့်က အဆိုပါရပ်ကွက်တွင် နေထိုင်သည့် လူငယ်လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား နေအိမ်အတွင်း၌ပင် ဓားအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သေဆုံးသူ၏ ခန္ဓာကိုယ်ကို နေအိမ်တွင် ထားရစ်ခဲ့ပြီး ပြတ်သွားသည့် ခေါင်းကို လက်မှဆွဲကာ ဓားအရှည်ကို ကိုင်ဆောင်လျက် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ခေါင်းဆွဲပြီး ကားဓားပြတိုက် မောင်းပြေး မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ - "အဲဒီလူက မိန်းမရဲ့ခေါင်းကို တွဲလောင်းယူပြီး ပြည်လမ်းအတိုင်း ထွက်လာတာ။ လမ်းမအလယ်မှာ ခဏထိုင်နေသေးတယ်။ ပြီးတော့ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားနဲ့ချိန် ခြိမ်းခြောက်ပြီး သူပါလိုက်စီးသွားတယ်။ ကားကို မှော်ဘီတိုးဂိတ်ဘက် မောင်းခိုင်းသွားတာ" ဟု ဆိုသည်။ တိုးဂိတ်တွင် ဖမ်းဆီးရမိ ကားမောင်းနှင်သွားပြီးနောက် မနက် (၁၀) နာရီခွဲကျော်အချိန်ခန့်...

ICJ တရားခွင်မှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းကို နာမည်တပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွဲချက်တင်

  နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာ ပြုလုပ်နေတဲ့ ICJ တရားခွင်ကတော့ စစ်ကောင်စီအတွက် အိပ်မက်ဆိုးကြီး ဖြစ်လာပါပြီ။ ဂမ်ဘီယာဘက်က တရားလိုရှေ့နေ အာဆလမ် ဆူလေမန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းတို့ကို "လူမျိုးတုံးသတ်ဖြတ်မှု (Genocide)" ကျူးလွန်သူတွေအဖြစ် နာမည်တပ်ပြီး ခိုင်လုံတဲ့ သက်သေတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။ မင်းအောင်လှိုင်၏ မိန့်ခွန်းများနှင့် လိမ်ညာမှုများ] တရားခွင်မှာ မင်းအောင်လှိုင်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလ မိန့်ခွန်းတွေကို အဓိက သက်သေအဖြစ် တင်ပြခဲ့ပါတယ်။ သမိုင်းကို ခုတုံးလုပ်ခြင်း - ၁၉၄၂ ခုနှစ် ဖြစ်ရပ်တွေကို ပြန်ဖော်ပြီး လက်ရှိ အကြမ်းဖက်မှုတွေဟာ မှန်ကန်ကြောင်း ဝါဒဖြန့်ခဲ့ပါတယ်။ လူမျိုးရေး အမုန်းစကား - "မြေမျိုလို့ လူမျိုးမပျောက်ဘူး၊ လူမျိုမှ လူမျိုးပျောက်မယ်" ဆိုတဲ့ စကားရပ်နဲ့ "ဘင်္ဂါလီတွေ လူဦးရေတိုးပွားနေတယ်" ဆိုတဲ့ ပြောဆိုချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တွန်းအားပေးတဲ့ သက်သေတွေအဖြစ် စွဲချက်တင်ခံရပါတယ်။ ဓာတ်ပုံအတုများ - တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဖြန့်ဝေခဲ့တဲ့ "ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေကို သတ်နေ...