၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာတရားရုံး (ICJ) ကြားနာပွဲ (The Gambia vs Myanmar) ဟာ အလွန်အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဂမ်ဘီယာနိုင်ငံဖက်မှ စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူ (Military Expert) အဖြစ် သက်သေလိုက်သူ ပါမောက္ခ Michael Newton (အမေရိကန်စစ်တပ် ဒုတိယဗိုလ်မှူးကြီးဟောင်း) က တက်ရောက်ထွက်ဆိုခဲ့ပါတယ်။
သူ့ရဲ့ ထွက်ဆိုချက်တွေဟာ မြန်မာစစ်တပ်ရဲ့ "နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး (Clearance Operations)" ခေါင်းစဉ်တပ်ထားမှုတွေကို စစ်ဘက်ဆိုင်ရာ ရှုထောင့်ကနေ အခိုင်အမာ ချေပသွားခဲ့တာကို တွေ့ရပါတယ်။
ကြားနာပွဲမှ ထူးခြားဖြစ်စဉ် အနှစ်ချုပ်များ
ဒီကြားနာပွဲမှာ ပါမောက္ခ Newton က အဓိက အချက် (၃) ချက်ကို မီးမောင်းထိုးပြသွားခဲ့ပါတယ် -
၁။ စစ်ဆင်ရေးပုံစံလား? မျိုးဖြုတ်သတ်ဖြတ်မှုလား?
မြန်မာဖက်မှ ရှေ့နေ Mr. Hooper က ၂၀၁၆-၂၀၁၇ ဖြစ်စဉ်တွေဟာ ARSA အကြမ်းဖက်အဖွဲ့ကို နှိမ်နင်းတဲ့ "စစ်မှန်သော သူပုန်နှိမ်နင်းရေး (Bona Fide Counter-Insurgency)" ဖြစ်ကြောင်း ခုခံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ပါမောက္ခ Newton ကတော့ ဒီအချက်ကို ပယ်ချခဲ့ပါတယ်။ "စစ်တပ်ရဲ့ လုပ်ဆောင်ပုံ (Modus Operandi) ဟာ သူပုန်ကို တိုက်တာနဲ့ မတူဘဲ၊ ရွာတွေကို ဝိုင်းတာ၊ ကလေးတွေကို မီးထဲပစ်ထည့်တာ၊ ထွက်ပြေးသူတွေကို လိုက်ပစ်တာတွေ ပါဝင်နေလို့ ဒါဟာ လူမျိုးစုတစ်ခုကို ဖျက်ဆီးလိုစိတ် (Intent to destroy) နဲ့ လုပ်တဲ့ မျိုးဖြုတ်သတ်ဖြတ်မှုသာ ဖြစ်တယ်" လို့ သူက တုံ့ပြန်ခဲ့ပါတယ်။
၂။ စစ်တပ် အစီရင်ခံစာများ ယုံကြည်ရပါသလား?
စစ်မြေပြင်က တက်လာတဲ့ အစီရင်ခံစာတွေမှာ "အကြမ်းဖက်သမား ဘယ်လောက်သတ်မိတယ်" ဆိုတဲ့ ကိန်းဂဏန်းတွေ ရှိနေပေမဲ့၊ ပါမောက္ခ Newton က "ဘယ်တပ်မှူးကမှ ကိုယ်ကျူးလွန်တဲ့ ရာဇဝတ်မှု (War Crimes) ကို အစီရင်ခံစာ တင်လေ့မရှိဘူး" လို့ ထောက်ပြပြီး၊ မြန်မာစစ်တပ်ရဲ့ မှတ်တမ်းတွေဟာ ကိုယ့်အပြစ်ကိုယ်ဖုံးကွယ်ထားတဲ့ (Self-serving) စာရွက်စာတမ်းတွေသာ ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။
၃။ အရပ်သားနှင့် ရန်သူ ခွဲခြားခြင်း
တရားသူကြီး Hmoud က "ရွာသားတွေက ARSA ကို ထောက်ခံနေလို့ ရွာလုံးကျွတ် ပစ်မှတ်ထားတိုက်ခိုက်တာ တရားဝင်လား" လို့ မေးမြန်းတဲ့အခါမှာလည်း၊ Newton က "လုံးဝ မဖြစ်နိုင်ကြောင်း၊ အရပ်သားနဲ့ ရန်သူကို ခွဲခြားရမှာ (Distinction) ဟာ စစ်ပွဲစည်းမျဉ်းရဲ့ အခြေခံဖြစ်ကြောင်း" ပြန်လည်ဖြေကြားခဲ့ပြီး မြန်မာဘက်က ခုခံချေပချက်တွေကို ပိတ်ဆို့သွားခဲ့ပါတယ်။
ဒါဟာ ICJ သမိုင်းတစ်လျှောက်မှာ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်က စစ်ဆင်ရေးမြေပုံတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့ အသေးစိတ် သက်သေပြသွားတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါ။ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးတဲ့ ဒီအမှုအခင်းရဲ့ နောက်ဆက်တွဲတွေကို ET Channel နဲ့ ET Insight News တို့မှာ ဆက်လက် တင်ဆက်ပေးသွားပါမယ်။
The International Court of Justice (ICJ) hearing on The Gambia vs. Myanmar, held in The Hague, Netherlands, on January 22, 2026, marked a significant turning point. Today, Professor Michael Newton (a retired U.S. Army Lieutenant Colonel), appearing as a military expert witness for The Gambia, provided his testimony.
His testimony offered a robust rebuttal, from a military perspective, against the Myanmar military's framing of their actions as "Clearance Operations."
Key Highlights from the Hearing
In this hearing, Professor Newton highlighted three main points:
1. Military Operation or Genocide? Myanmar's defense counsel, Mr. Hooper, argued that the events of 2016-2017 were a "Bona Fide Counter-Insurgency" aimed at suppressing the ARSA terrorist group. However, Professor Newton rejected this claim. He countered that the military's Modus Operandi did not resemble combat against insurgents. Instead, acts such as surrounding villages, throwing children into fires, and shooting fleeing civilians indicate a specific "Intent to destroy," proving that this was, in fact, genocide.
2. Are Military Reports Reliable? Although field reports contain statistics regarding the number of "terrorists killed," Professor Newton pointed out that "No commander ever reports their own War Crimes." He demonstrated that the Myanmar military's records are merely "self-serving" documents designed to conceal their own culpability.
3. Distinction Between Civilians and Combatants When Judge Hmoud asked, "Is it legal to target an entire village if the villagers support ARSA?" Newton responded that it is "absolutely impossible/unjustifiable." He emphasized that the "Distinction" between civilians and combatants is the fundamental basis of the rules of war, effectively shutting down Myanmar's defensive arguments.
This marks a unique instance in the history of the ICJ where a military expert provided detailed evidence using operational maps and standard procedures. We will continue to provide updates on this critically important case for Myanmar on ET Channel and ET Insight News.
Comments
Post a Comment