Skip to main content

"စစ်တပ်အချစ်တော် သက်သက်ခိုင် (PPP) ပါတီ ဖျက်သိမ်းခံရမလား? နိုင်ငံခြားသံရုံးနဲ့ လျှို့ဝှက်ဒိတ်လုပ်မိလို့ UEC က ဒဏ်ခတ်ဖို့ ပြင်ဆင်"


 "ဆရာမကြီး" လို့ ခေါ်ကြတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်တစ်ယောက်တော့ ရှေ့ဆောင်လမ်းပြဖို့ နေနေသာသာ ကိုယ်တိုင်တောင် လမ်းပျောက်ပြီး UEC ရဲ့ အရေးယူတာကို ခံလိုက်ရပါပြီ။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က PPP ပါတီ ခေါင်းဆောင်ပိုင်းကို ဥပဒေနဲ့အညီ အရေးယူတော့မယ်လို့ ဇန်နဝါရီ (၁၄) ရက်နေ့မှာ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာသက်သက်ခိုင်နဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာထက်ထက်လွင်တို့ဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့က ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ နိုင်ငံခြားသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်အချို့ နဲ့ လျှို့ဝှက်သွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

 နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ ညွှန်ကြားချက် (၁/၂၀၂၂) အရ နိုင်ငံရေးပါတီတွေဟာ နိုင်ငံခြားသံရုံး၊ နိုင်ငံတကာအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမယ်ဆိုရင် UEC ကို ကြိုတင်တင်ပြပြီး ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေါက်တာသက်သက်ခိုင်တို့ဟာ UEC ကို အသိမပေးဘဲ "ခိုးစား ရိုက်စား" လုပ်သလို လျှို့ဝှက်သွားတွေ့ခဲ့တာကို စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် ဝန်ခံလက်မှတ်ထိုးခိုင်းပြီး အရေးယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

 ဒါဟာ ဘာကိုပြနေလဲဆိုတော့ စစ်ကောင်စီက သူတို့ရဲ့ လက်ပါးစေ ပါတီတွေကိုတောင် ယုံကြည်မှု မရှိတော့ဘူးဆိုတာပါပဲ။ ဘယ်သံရုံးနဲ့ သွားတွေ့တာလဲ၊ ထွက်ပေါက်ရှာတာလားတော့ မသိပေမယ့် လက်ရှိအချိန်မှာတော့ ဒေါက်တာသက်သက်ခိုင်တစ်ယောက် "နှစ်ဖက်ချွန်ချင်ကာမှ နှစ်ဖက်လုံးက အပိတ်ခံရတဲ့" အခြေအနေ ဆိုက်ရောက်သွားပါပြီ။

Dr. Thet Thet Khine, Chairperson of the People's Pioneer Party (PPP)—often referred to as "Saya Magyi" (The Big Boss)—has found herself lost instead of leading the way, and has now faced action from the UEC. On January 14, the Military Council's Election Commission officially announced that it would take legal action against the PPP party leadership.

According to the statement from the Union Election Commission (UEC), it was revealed that Dr. Thet Thet Khine and Central Executive Committee member Dr. Htet Htet Lwin secretly met with certain individuals from a foreign embassy at a restaurant in Bahan Township, Yangon, on December 18, 2025.

Under the Political Parties Registration Law and Directive (1/2022), political parties are required to report to the UEC in advance and seek permission before meeting with individuals from foreign embassies or international organizations. However, investigations revealed that Dr. Thet Thet Khine and her team met secretly without informing the UEC—akin to a clandestine operation. Consequently, they were forced to sign a confession, and the decision was made to take action against them.

This demonstrates that the Military Council no longer trusts even its own proxy parties. While it remains unknown which embassy she met or if she was seeking an exit strategy, Dr. Thet Thet Khine has now landed in a predicament where, in attempting to play both sides, she has found herself blocked on all fronts.

Comments

Popular posts from this blog

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ရာဇဝတ်ကောင် (၆၁) ဦးကို အရေးယူရန် သက်သေအထောက်အထား ခိုင်လုံပြီဟု Fortify Rights ကြေညာ

  (ဇန်နဝါရီလ ၂၈ ရက်၊ ၂၀၂၆) အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီး မြထွန်းဦး အပါအဝင် စစ်တပ်နှင့် ရဲအရာရှိ (၆၁) ဦးကို စစ်အာဏာသိမ်းကာလအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများ (Crimes against Humanity) အတွက် စွဲချက်တင် အရေးယူနိုင်ရန် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိထားပြီဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ "လုံခြုံရာအရပ် ကင်းမဲ့နေခြင်း" အစီရင်ခံစာ Fortify Rights သည် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် "Nowhere is Safe" (လုံခြုံရာအရပ် ကင်းမဲ့နေခြင်း) ခေါင်းစဉ်ဖြင့် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါ အစီရင်ခံစာသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ (၆) လတာကာလအတွင်း စစ်ကောင်စီတပ်များက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကို အဓိကထား စုံစမ်းစစ်ဆေးထားခြင်း ဖြစ်သည်။ ခိုင်လုံသော သက်သေအထောက်အထားများ အစီရင်ခံစာတွင် စစ်ရာဇဝတ်မှုများကို သက်သေပြနိုင်ရန် အောက်ပါအချက်အလက်များကို စုဆောင်းထားကြောင်း သိရသည်- မျက်မြင်သက်သေများနှင့် အသက်...

မှော်ဘီမြို့နယ်တွင် ဇနီးသည်အား ခေါင်းဖြတ်သတ်ပြီး ခေါင်းဆွဲကာ ကားဓားပြတိုက်ထွက်ပြေးသူကို ဖမ်းဆီးရမိ (ရုပ်သံမှတ်တမ်း)

  (ရန်ကုန်၊ ဇန်နဝါရီ ၂၄) ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) မနက်ပိုင်းက အလွန်ရက်စက်သော လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်အသေးစိတ် ယနေ့ မနက် (၁၀) နာရီဝန်းကျင်ခန့်က အဆိုပါရပ်ကွက်တွင် နေထိုင်သည့် လူငယ်လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား နေအိမ်အတွင်း၌ပင် ဓားအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သေဆုံးသူ၏ ခန္ဓာကိုယ်ကို နေအိမ်တွင် ထားရစ်ခဲ့ပြီး ပြတ်သွားသည့် ခေါင်းကို လက်မှဆွဲကာ ဓားအရှည်ကို ကိုင်ဆောင်လျက် လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ခေါင်းဆွဲပြီး ကားဓားပြတိုက် မောင်းပြေး မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ - "အဲဒီလူက မိန်းမရဲ့ခေါင်းကို တွဲလောင်းယူပြီး ပြည်လမ်းအတိုင်း ထွက်လာတာ။ လမ်းမအလယ်မှာ ခဏထိုင်နေသေးတယ်။ ပြီးတော့ လမ်းနားမှာ ရပ်ထားတဲ့ ဟိုင်းလတ်ကားသမားကို ဓားနဲ့ချိန် ခြိမ်းခြောက်ပြီး သူပါလိုက်စီးသွားတယ်။ ကားကို မှော်ဘီတိုးဂိတ်ဘက် မောင်းခိုင်းသွားတာ" ဟု ဆိုသည်။ တိုးဂိတ်တွင် ဖမ်းဆီးရမိ ကားမောင်းနှင်သွားပြီးနောက် မနက် (၁၀) နာရီခွဲကျော်အချိန်ခန့်...

ICJ တရားခွင်မှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းကို နာမည်တပ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွဲချက်တင်

  နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့မှာ ပြုလုပ်နေတဲ့ ICJ တရားခွင်ကတော့ စစ်ကောင်စီအတွက် အိပ်မက်ဆိုးကြီး ဖြစ်လာပါပြီ။ ဂမ်ဘီယာဘက်က တရားလိုရှေ့နေ အာဆလမ် ဆူလေမန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒု-စစ်ခေါင်းဆောင် စိုးဝင်းတို့ကို "လူမျိုးတုံးသတ်ဖြတ်မှု (Genocide)" ကျူးလွန်သူတွေအဖြစ် နာမည်တပ်ပြီး ခိုင်လုံတဲ့ သက်သေတွေနဲ့ စွဲချက်တင်လိုက်ပါတယ်။ မင်းအောင်လှိုင်၏ မိန့်ခွန်းများနှင့် လိမ်ညာမှုများ] တရားခွင်မှာ မင်းအောင်လှိုင်ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလ မိန့်ခွန်းတွေကို အဓိက သက်သေအဖြစ် တင်ပြခဲ့ပါတယ်။ သမိုင်းကို ခုတုံးလုပ်ခြင်း - ၁၉၄၂ ခုနှစ် ဖြစ်ရပ်တွေကို ပြန်ဖော်ပြီး လက်ရှိ အကြမ်းဖက်မှုတွေဟာ မှန်ကန်ကြောင်း ဝါဒဖြန့်ခဲ့ပါတယ်။ လူမျိုးရေး အမုန်းစကား - "မြေမျိုလို့ လူမျိုးမပျောက်ဘူး၊ လူမျိုမှ လူမျိုးပျောက်မယ်" ဆိုတဲ့ စကားရပ်နဲ့ "ဘင်္ဂါလီတွေ လူဦးရေတိုးပွားနေတယ်" ဆိုတဲ့ ပြောဆိုချက်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှုကို တွန်းအားပေးတဲ့ သက်သေတွေအဖြစ် စွဲချက်တင်ခံရပါတယ်။ ဓာတ်ပုံအတုများ - တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဖြန့်ဝေခဲ့တဲ့ "ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေကို သတ်နေ...