Sky Villa ကွန်ဒိုပြိုကျမှု- လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့သော်လည်း ပိုင်ရှင်များ ရှောင်တိမ်းနေဆဲ - Mandalay Sky Villa Condo Collapse: Owners Remain in Hiding Despite Hundreds of Deaths
ဇန်နဝါရီ ၇ ရက်၊ ၂၀၂၆ ခုနှစ်
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မန္တလေးမြို့၏ အဆိုးရွားဆုံး အဆောက်အအုံ ပြိုကျမှုတစ်ခုဖြစ်သည့် Sky Villa ကွန်ဒို ဖြစ်စဉ်တွင် ယနေ့ထက်တိုင် တာဝန်ယူဖြေရှင်းပေးမှု မရှိဘဲ ကုမ္ပဏီပိုင်ရှင်များ လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းအပေါ် နစ်နာသူများက ပြင်းထန်စွာ ဝေဖန်နေကြသည်။
အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သေဆုံးမှု
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ၁၁ ထပ်အမြင့် Sky Villa ကွန်ဒို သည် ငလျင်ဒဏ်ကြောင့် အဆောင်အားလုံးနီးပါး ပြိုကျပျက်စီးခဲ့ရာ ရှာဖွေကယ်ဆယ်ရေး ၅ လအကြာတွင်:
သေဆုံးရုပ်အလောင်း: ၂၀၆ ဦးအထိ ရှာဖွေတွေ့ရှိခဲ့သည်။
အသက်ရှင်သူ: ၅၂ ဦးသာ ကယ်ထုတ်နိုင်ခဲ့သည်။
ပျောက်ဆုံးနေသူများ: ဧည့်စာရင်းအရ လူ ၄၀၀ ဝန်းကျင်ရှိနေသဖြင့် အလောင်းရှာမတွေ့ဘဲ သေဆုံးသွားသူများစွာ ရှိနိုင်ကြောင်း မြို့ခံများက ခန့်မှန်းထားသည်။
တာဝန်ယူမှု ကင်းမဲ့နေသော NTL ကုမ္ပဏီ
အဆိုပါ ကွန်ဒိုကို NTL Construction Co. Ltd က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ပြီး ၉ လကျော်ကြာသည့်တိုင် အခန်းပိုင်ရှင်များနှင့် တွေ့ဆုံဖြေရှင်းခြင်း မရှိသေးပေ။
ရှောင်တိမ်းခြင်း: ကုမ္ပဏီပိုင်ရှင်များမှာ လူမြင်ကွင်းမှ ပျောက်ကွယ်နေပြီး၊ နစ်နာသူများက သတိပေးစာ ပေးပို့သော်လည်း "တာဝန်ခံတစ်ဦး ဘုန်းကြီးဝတ်နေသည်" ဟူသော အကြောင်းပြချက်ဖြင့် ရှောင်လွှဲနေကြောင်း သိရသည်။
ထောက်ပံ့ကြေးပြဿနာ: သေဆုံးသူတစ်ဦးလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် ၁၄၈ ဦးအတွက် ပေးအပ်ခဲ့သည်ဟု ကုမ္ပဏီက ဆိုသော်လည်း၊ အချို့မိသားစုဝင်များက ၎င်းတို့အနေဖြင့် ငွေကြေးထက် ကုမ္ပဏီနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းခွင့်ကိုသာ လိုလားနေကြသည်။
အာဏာပိုင်များနှင့် ဆက်နွှယ်မှုအပေါ် ဝေဖန်မှုများ
Sky Villa ကွန်ဒိုကို တည်ဆောက်စဉ်က လက်ရှိ စစ်အုပ်စုခန့် မန္တလေးတိုင်းဝန်ကြီးချုပ် (စည်ပင်ဝန်ထမ်းဟောင်း) ဦးမျိုးအောင် ကိုယ်တိုင် တာဝန်ခံအင်ဂျင်နီယာအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အဆောက်အအုံ ပြိုကျပြီး လူရာနှင့်ချီ သေဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် ဦးမျိုးအောင်ဘက်မှ တစ်စုံတစ်ရာ နှုတ်ဖွင့်ပြောဆိုခြင်း မရှိဘဲ ရေငုံနှုတ်ပိတ်နေခြင်းက ဝယ်ယူသူများကြား ဒေါသထွက်စရာ ဖြစ်နေသည်။
"ဘာမှလည်း မပြောဘူး၊ ဘာမှလည်း အကြောင်းမကြားဘူး။ ကုမ္ပဏီဘက်က ဘာလုပ်ပေးမယ်ဆိုတာ ဘာဆိုဘာမှ မသိရသေးဘူး" ဟု မိသားစုဝင်များ ဆုံးရှုံးခဲ့ရသူ အခန်းပိုင်ရှင်တစ်ဦးက ရင်ဖွင့်ထားသည်။
လက်ရှိတွင် Sky Villa ကွန်ဒိုမှ နစ်နာသူများသည် ၎င်းတို့၏ ဆုံးရှုံးမှုများအတွက် ထိုက်တန်သော တရားမျှတမှုနှင့် တာဝန်ယူမှုကို စောင့်ဆိုင်းလျက်ရှိနေကြသည်။
January 7, 2026
More than nine months after the devastating earthquake that caused the total collapse of the Sky Villa Condo in Mandalay, owners of the construction firm remain in hiding, failing to provide accountability for the disaster that claimed over 200 lives.
The Worst Disaster in Mandalay’s History
The 11-story Sky Villa Condo, located near the Water Filtration Plant in Aungmyaythazan Township, collapsed during the earthquake on March 28 last year. The tragedy is recorded as one of the deadliest building failures in the region.
According to data released by the authorities after five months of rescue operations:
Confirmed Deaths: 206 bodies recovered (including children).
Survivors: Only 52 people were pulled from the rubble alive.
Missing: Local residents estimate that many more remain missing, as guest lists indicated approximately 400 people were residing in the complex at the time of the quake.
NTL Construction Co. Ltd and Lack of Accountability
The condo was developed by NTL Construction Co. Ltd. Despite the massive loss of life and property, apartment owners and victims' families report that the company has failed to meet with them or provide a clear plan for compensation.
While the company reportedly provided a "compassion grant" of 10 million Kyats (100 Lakhs) per deceased victim to 148 families in September, many families have refused to accept the money. They are demanding a face-to-face meeting with the owners to discuss long-term accountability and the structural failures of the building.
"The owners have said nothing. They haven't contacted us or informed us of anything. We are completely in the dark," one apartment owner who lost family members told MFP.
Political Ties and Public Outrage
Public criticism has intensified following reports that the current military-appointed Chief Minister of Mandalay Region, U Myo Aung (a former municipal official), served as the Responsible Engineer during the construction of Sky Villa.
Despite his direct involvement in the building's oversight, U Myo Aung has remained silent regarding the collapse, leading to allegations of protectionism and a lack of transparency in the investigation.
Current Status
As of today, January 7, the owners of NTL Construction remain out of the public eye. When victims tried to contact the company, they were vaguely informed that a key person in charge was "temporarily ordained as a monk," an excuse many see as a tactic to avoid legal and social consequences.
Comments
Post a Comment